လစာ တနှစ် ပေါင် ၉ သန်းခွဲဖြင့် နည်းပြကွန်တီကို ချဲလ်ဆီး စာချုပ်သစ်ချုပ်

ဓာတ်ပုံ - ရိုက်တာ
637
ချဲလ်ဆီးအသင်းက နည်းပြ ကွန်တီကို လစာ တနှစ် ပေါင် ၉ ဒသမ ၅ သန်းနဲ့ စာချုပ်အသစ် ထပ်ချုပ်လိုက်ပါတယ်။
ဒါကြောင့် သူဟာ ချယ်ဆီးအသင်းကို ၂၀၂၁ ခုနှစ်အထိ တာဝန်ယူ ကိုင်တွယ်ရမှာပါ။
အီတလီလက်ရွေးစင်အသင်းနည်းပြ ကွန်တီဟာ ၂၀၁၆ ခုနှစ်က ချယ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီး သူတာဝန်ယူခဲ့တဲ့နှစ်မှာပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တာပါ။
အသက် ၄၇ နှစ်အရွယ် အီတလီနိုင်ငံသား ကွန်တီဟာ ဂျူဗင်တပ် နည်းပြအဖြစ် တာဝန်ယူနေတဲ့ ၂၀၁၃ ခုနှစ်က ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ရရှိထားပါတယ်။