Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် ဇနီးမောင်နှံထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
June 20, 2017
မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့မှာ ဒီမနက်ပိုင်းက  စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀ ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့မ ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယ ရဲအုပ်သက်နိုင်နဲ့ အဖွဲ့ဟာ ရွှေကြာအင်း ၁ ရပ်ကွက်၊ အပိုင်း ၄ ကိုသက်နိုင်ထွန်းနဲ့ ဇနီးသည် မစန္ဒာညွန့်တို့ နေအိမ်ကို သတင်းအရ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။ နေအိမ်မီးဖိုဆောင်မှာ လျှပ်စစ်ရေနွေးအိုးဟောင်းတလုံးကို ကိုင်နေတဲ့ မစန္ဒာညွန့်ကို စစ်ဆေးရာမှာ ရေနွေးအိုးအတွင်း စိတ်ကြွရူးသွပ်ဆေးပြားလို့ ယူဆရတဲ့ ပန်းရောင်ဆေးပြား ၂၁၈ ပြား၊ အစိမ်းရောင် ဆေးပြား ၅ ပြား၊ စိုစွတ်လုံးခဲနေတဲ့ ဇီးဖြူ သီးလုံးခန့် ပန်းရောင် ဆေးခဲ ၁ ခဲကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေအိမ်အ၀င်ပေါက် အုတ်လှေကားထစ်ပေါ်ရှိ အုတ်ခဲအောက်မှ စိတ်ကြွရူးသွပ်ဆေးပြားလို့ ယူဆရတဲ့ ပန်းရောင်ဆေးပြား ၁၈ ပြား၊ စုစုပေါင်း ၂၄၇ ပြား၊ တန်ဖိုးငွေကျပ် ၉၈၈၀၀၀ ဖမ်းဆီးသိမ်းဆည်းရမိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ လက်ဝယ်ထားရှိ သုံးစွဲသူ ကိုသက်နိုင်ဦး၊ မစန္ဒာညွန့် တို့နှစ်ဦးကို တောင်တွင်းကြီးမြို့မ ရဲတပ်ဖွဲ့စခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သောဆေးဝါးများ ဥပဒေပုဒ်မ ၊ ၁၅ / ၁၉ (က) နဲ့ အရေးယူဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024