A d v e r t i s e m e n t With Us

ထိုင်းတောင်ပိုင်းတွင် ဗုံးတလုံးပေါက်ကွဲ၊ စစ်သား ၆ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ထိုင်းနိုင်ငံတောင်ပိုင်း ပထာနီခရိုင် လမ်းဘေးမှာ မွတ်စလင်သူပုန်တွေလို့ သံသယရှိသူတွေက ထောင်ထားတဲ့ ဗုံးတလုံး ဇွန်လ ၁၉ ရက်နေ့က ပေါက်ကွဲခဲ့ပြီး ထိုင်းစစ်သား ၆ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရတယ်လို့ ရဲတွေက ပြောပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အများစုရှိတဲ့ ထိုင်းနိုင်ငံရဲ့ တောင်ပိုင်းမှာ မလေးမွတ်စလင်တွေ အများစုနေတဲ့ ယာလာ၊ ပထာနီနဲ့ နရာသီဝပ်ခရိုင်တွေအတွင်း ခွဲထွက်ရေးသူပုန်ထနေတာ ဆယ်နှစ်ကျော်နေပါပြီ။ ဒါကြောင့် ၂၀၀၄ ခုနှစ်ကနေ ခုထိ လူပေါင်း ၆၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဖုန်ထူတဲ့လမ်းမှာ ထောင်ထားတဲ့ဗုံးဟာ စစ်သားတွေ ပုံမှန်ကင်းလှည့်ချိန် ပေါက်ကွဲခဲ့တာလို့ ခရိုင်ရဲချုပ်က ပြောပါတယ်။ ဇွန်လ ၂၅ ရက်နေ့မှာ ပြီးဆုံးမယ့် မွတ်စလင်တို့ရဲ့ ရာမာဒန် ဥပုသ်လအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြမ်းဖက်မှုတွေ မြင့်တက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up