A d v e r t i s e m e n t With Us

အင်ဒိုနီးရှားအကျဉ်းထောင်မှ အကျဉ်းသား ၇ ဦး မြေအောက်ကျင်းတူးပြီး လွတ်မြောက် (ရုပ်သံ)

နိုင်ငံခြားသား အကျဉ်းသား ၄ ဦးနဲ့ ဒေသခံအကျဉ်းသား ၃ ဦးတို့ဟာ ဇွန်လ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ကရိုဘိုကန် အကျဉ်းထောင်ကနေ မြေအောက်ကျင်းတူးပြီး လွတ်မြောက်သွားပါတယ်။ လွတ်မြောက်သွားတဲ့ နိုင်ငံခြားသားတွေဟာ သြစတြေးလျနိုင်ငံသား ၁ ဦး၊ ဘူလ်ဂေးရီးယားနိုင်ငံသား ၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦးနဲ့ မလေးရှားနိုင်ငံသား ၁ ဦးတို့ ဖြစ်ပါတယ်။ သူတို့ဟာ ၃၉ ပေ အရှည်ရှိတဲ့ အလျား လက်မ ၃၀၊ အနံ လက်မ ၂၀ ကျယ်တဲ့ တွင်းတခုတူးပြီး အဲဒီကနေ လွတ်မြောက်သွားကြတာ ဖြစ်ပါတယ်။ သူတို့ ထွက်ပြေးသွားကြတယ်လို့ ယူဆရတဲ့ ဇွန်လ ၁၈ ရက် ညမှာ အစောင့် ၁၀ ယောက် ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ နိုင်ငံခြားသား ရာဇဝတ်သား ၄ ဦးဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုကအစ မူးယစ်ဆေးဝါးအမှုအထိ ပြစ်မှုအမျိုးမျိုးနဲ့ အကျဉ်းကျနေသူတွေဖြစ်တယ်လို့ သိရပါတယ်။ ကရိုဘိုကန် အကျဉ်းထောင်ဟာ အကျဉ်းသား ၃၂၃ ဦး လက်ခံနိုင်ပြီး အခုချိန်မှာ အကျဉ်းသားစုစုပေါင်းဟာ လက်ခံနိုင်တဲ့ အရေအတွက်ထက် ၄ ဆလောက်များပြီး ၁၃၇၈ ဦး ရှိနေတယ်လို့ အစိုးရအချက်အလက်တွေအရ သိရပါတယ်။ အကျဉ်းထောင်ဖောက်ပြေးမှုဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိပြီး ပြီးခဲ့တဲ့လကလည်း အကျဉ်းသားတွေ ပြည့်လျှံနေတဲ့ ဆူမားတြားကျွန်းပေါ်က အကျဉ်းထောင်တခုကနေ အကျဉ်းသား ၃၅၀ လောက် ထွက်ပြေးလွတ်မြောက်ခဲ့ကြတာအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up