DVB Logo
Home
မြန်မာသတင်း
ရွေး​ကောက်ပွဲလွတ်လပ်မျှတရန် ​ဒေါ်​အောင်ဆန်း​စုကြည် ကုလသမဂ္ဂကို ​ဆွေး​နွေး
DVB
·
February 17, 2012
ရွေး​ကောက်ပွဲလွတ်လပ်မျှတရန် ​ဒေါ်​အောင်ဆန်း​စုကြည် ကုလသမဂ္ဂကို ​ဆွေး​နွေး
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ ​စောင့်​ကြည့်​ရမယ့်​ကိစ္စတခုဖြစ်တယ်လို့​ ကုလသမဂ္ဂကို ​ပြောဆိုလိုက်ပါတယ်။

[caption id="attachment_21330" align="alignleft" width="300" caption="မစ္စတာ ဗီ​ဂျေနမ်ဘီယာ နှင့်​ ​ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ရိုက်တာ)"][/caption]

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူး​သံတမန် မစ္စတာ ဗီ​ဂျေနမ်ဘီယာနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်မှာ မ​နေ့​ ည​နေက တနာရီကြာ ​တွေ့​ဆုံစဉ် ​ပြောဆိုလိုက်တာပါ။

တွေ့​ဆုံပွဲတက်​ရောက်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​ဟံသာမြင့်​က “​ဒေါ်​အောင်ဆန်း​စုကြည်က သူ့​အ​နေနဲ့​က​တော့​ အခု​ရွေး​ကောက်ပွဲ ကာလမှာ ကြုံ​နေရတဲ့​ ကိစ္စ​တွေနဲ့​ပတ်သက်ပြီး​တော့​ အ​တွေ့​အကြုံ နည်း​နည်း​ပါး​ပါး​ ​ပြောပြပြီး​တော့​ ​ရွေး​ကောက်ပွဲဟာ ​စောင့်​ကြည့်​ရမယ့်​ကိစ္စတခု ဖြစ်တယ်​ပေါ့​နော်။ ဒီ​ရွေး​ကောက်ပွဲဟာ တကယ်ပဲ တရား​မျှတပြီး​ လွတ်လပ်တဲ့​ ​ရွေး​ကောက်ပွဲ ဖြစ်မဖြစ်ဆိုတာ ထည့်​ပြီး​စဉ်း​စား​ရမယ့်​ ကိစ္စတခုဖြစ်တယ်ဆိုတာကို ​ပြောသွား​တာပါ” လို့​ ​ပြောပါတယ်။

မစ္စတာ နမ်ဘီယာက​တော့​ အစိုး​ရတာဝန်ရှိသူ​တွေနဲ့​ ​တွေ့​ဆုံစဉ် ​ပြောဆိုခဲ့​တဲ့​ အ​ကြောင်း​အရာ​တွေကို ရှင်း​ပြတယ်လို့​ ​ပြောပါတယ်။

“သူနဲ့​ နိုင်ငံ​တော်သမ္မတတို့​ ​တွေ့​ခဲ့​တာကို ​ပြောပြတာပါ။ ဘာမှ အထူး​အခြား​ မရှိပါဘူး​။ ကျ​နော်တို့​ ကြား​နေကြအတိုင်း​ပါပဲ။ ယူအန်အ​နေနဲ့​ အကူအညီဆက်​ပေး​ဖို့​၊​ အစိုး​ရနဲ့​ ပူး​ပေါင်း​ဆောင်ရွက်သွား​မယ့်​ကိစ္စ​တွေ ဒါ​တွေပါပဲ ​ပြောတာ။ လူအခွင့်​အ​ရေး​ အ​ခြေအ​နေကိစ္စက​တော့​ အထူး​အ​ထွေ​ပြောတာ​တော့​ မရှိပါဘူး​။ မြန်မာပြည်မှာ ဖြစ်​နေတဲ့​ကိစ္စ။ အကျဉ်း​သား​လွှတ်တဲ့​ကိစ္စက အ​ကောင်း​မြင်တယ်​ပေါ့​နော်။ တိုး​တက်တယ်လို့​ သူတို့​ယူဆတယ်။ ဒီ​လောက်ပါပဲ” လို့​ ​ပြောပါတယ်။

မစ္စတာနမ်ဘီယာဟာ ​ဖေ​ဖော်ဝါရီ ၁၄ ရက်​နေ့​က သမ္မတဦး​သိန်း​စိန်၊​ ပြည်သူလွတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​တို့​နဲ့​ ​နေပြည်​တော်မှာ ​တွေ့​ခဲ့​ပြီး​ မြန်မာနိုင်ငံမှာ လက်ရှိလုပ်​ဆောင်​နေတဲ့​ အ​ပြောင်း​အလဲ​တွေကို ဆက်လုပ်ဖို့​ တိုက်တွန်း​ခဲ့​ပါတယ်။

အဲဒီ​နေ့​မှာပဲ ကုလသမဂ္ဂဖွံ့​ဖြိုး​ရေအစီအစဉ် (ယူအန်ဒီပီ) က လာမယ့်​ဧပြီလ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အကူအညီ​ပေး​ဖို့​ ကမ်း​လှမ်း​ခဲ့​ပါတယ်။

မြန်မာနိုင်ငံ​ပေါ် ဒဏ်ခတ်ပိတ်ဆို့​ထား​တဲ့​ အ​မေရိကန်နဲ့​ ဥ​ရောသမဂ္ဂတို့​ကလည်း​ လာမယ့်​ကြား​ဖြတ်​ရွေး​ကောက်ပွဲကို လွတ်လပ်သန့်​ရှင်း​တဲ့​ ​ရွေး​ကောက်ပွဲဖြစ်ဖို့​ တိုက်တွန်း​ထား​သလို ​ရွေး​ကောက်ပွဲပြီး​တဲ့​အခါ မြန်မာအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ်မှုနဲ့​ပတ်သက်လို့​ ပြန်လည်သုံး​သပ်မယ်လို့​ ​ပြောထား​ကြပါတယ်။

၂၀၁၀ မှာ ကုလသမဂ္ဂအထူး​သံတမန်အဖြစ် ခန့်​အပ်ခံရတဲ့​ အိန္ဒိယသံတမန် မစ္စတာနမ်ဘီယာဟာ မြန်မာနိုင်ငံကို ​ဖေ​ဖော်ဝါရီ ၁၁ ရက်​နေ့​က ​ရောက်တာဖြစ်ပြီး​ အစိုး​ရသစ်လက်ထက် တတိယအကြိမ် လာ​ရောက်တဲ့​ ခရီး​စဉ်ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013