A d v e r t i s e m e n t With Us

ဒေါ်​အောင်​ဆန်းစုကြည်၏ ၇၂ မြောက် မွေး​နေ့ မြင်းခြံတွင်​ ပြုလုပ် (ဓာတ်ပုံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်မြောက် မွေးနေ့ပွဲကို ဒီနေ့မနက်ပိုင်းက မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်ခဲ့ကြပြိး သံဃာ ၅ ပါးကို နေ့ဆွမ်း ကပ်လှူခဲ့ကြပါတယ်။ “ကျနော်တို့က အမေစုဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး အထိမ်းအမှတ်လိုပဲ ယူဆတယ်လေ။ အမေစု ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်နိုင်ဖို့အတွက် အမေစုအသက်ရှည်ဖို့အတွက် ကျနော်တို့ ခရိုင် မြို့နယ် လူငယ် ရပ်/ကျေး ခေါင်းဆောင်တွေ အားလုံး စုပေါင်းလုပ်တဲ့ပွဲပါ။ မြန်မာပြည် ငြိမ်းချမ်းရေးရဖို့ ဒီခေါင်းဆောင် အသက်ရှည်မှ ငြိမ်းချမ်းရေးရမှာလို့ ယူဆလို့ အသက်ရှည်ပါစေကြောင်း ဆုတောင်းတဲ့ ပွဲလေးဖြစ်ပါတယ်” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောပါတယ်။ သတင်း - ဓာတ်ပုံ ရီရီထွန်း (မြင်းခြံ)

A d v e r t i s e m e n t With Us

More News
Up