A d v e r t i s e m e n t With Us

ပျက်ကျ တပ်မတော်လေယာဉ်မှ Black Box ရှာဖွေတွေ့ရှိ (ရုပ်သံ)

ပင်လယ်ပြင်ထဲ ပျက်ကျသွားခဲ့တဲ့ တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 မှ လေယာဉ်ပျံသန်းမှု အချက်အလက် မှတ်တမ်းတင်ကိရိယာ Black Box ကို ရှာဖွေတွေ့ရှိပြီလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်းက လေယာဉ်အမြီးပိုင်းကို လေအိတ်တွေသုံးပြီး  ရေမျက်နှာပြင်ပေါ် မတင်ဆယ်ယူခဲ့ရာမှာ ညနေ ၃ နာရီခွဲမှာ ရေယာဉ်ပေါ်ကို တင်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လေယာဉ်အမြီးပိုင်းမှာ FDR - Flight Data Recorder (Black Box) နဲ့ CVR - Cockpit Voice Recorder တို့ပါရှိပြီး လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ ဇွန်လ ၇ ရက်က ပျက်ကျသွားတဲ့ တပ်မတော်လေယာဉ်ရဲ့ အမြီးပိုင်းနဲ့အတူ စုစုပေါင်း ရုပ်အလောင်း ၉၂ လောင်းကို လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိပြီး ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်နေဆောင်နေဆဲ ဖြစ်ပါတယ်။ ရုပ်သံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

A d v e r t i s e m e n t With Us

More News
Up