ယူရို သန်း ၃၅၀ ပေးချေနိုင်မှ ရော်နယ်ဒိုကို ခေါ်ယူနိုင်မည်ဟု ထုတ်ပြန်

ဓာတ်ပုံ - ရိုက်တာ
755
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူလိုတဲ့အသင်းတွေ အနေနဲ့ ယူရို သန်း ၃၅၀ ပေးချေနိုင်မှ ခေါ်ယူနိုင်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မကြာသေးတဲ့အချိန်က အခွန်ရှောင်ကိစ္စကြောင့် စပိန်ကနေ ထွက်ခွာလိုနေတယ်လို့ ပြောကြားထားခဲ့တာဖြစ်ပြီး ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းနဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အသင်းမှာ မပျော်ရွှင်ဖြစ်နေပေမယ့် အသင်းပရိသတ်တွေနဲ့ အသင်းက ၅ နှစ်စာချုပ်အသစ် ထပ်မံချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေကြတာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်း လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလား ရရှိခဲ့တာမှာ အဓိက ကစားသမားနေရာက ပါဝင်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုတွေ ရရှိဖို့ ထိပ်ဆုံးက ထင်ကြေးပေးခံနေရသူလည်း ဖြစ်ပါတယ်။