လယ်သိမ်း​ခံရသူ​တွေ တိုင်နိုင်တယ်၊​ မီဒီယာ​တွေက ဝိုင်း​ရပ်တည်​ပေး​ပါ

ဦး​နေမြိုး​ဝေ
လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေအ​နေနဲ့​ အမှုဖွင့်​တိုင်ကြား​လိုရင် ကူညီ​ပေး​မယ်လို့​ မတူကွဲပြား​ခြား​နား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက ဖိတ်​ခေါ်လိုက်ပါတယ်။ ရန်ကုန်တိုင်း​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာ လယ်သမား​တွေအမှုမှာ လယ်သမား​တွေကိုယ်စား​ ​ဇေကမ္ဘာကုမ္ပဏီကို မကြာခင်တရား​စွဲဆိုမယ့်​ ဦး​နေမျိုး​ဝေကို မြန်မာပြည်က လယ်ယာ​မြေသိမ်း​ဆည်း​မှု​တွေနဲ့​ပတ်သက်လို့​ ​မေး​မြန်း​ထား​ပါတယ်။ ဇေကမ္ဘာဦး​ခင်​ရွှေနဲ့​ ပတ်သက်ပြီး​တော့​ လယ်ယာ​မြေကိစ္စမှာ တရား​စွဲမယ်လို့​ သိရတယ်။ အဲဒီ​တော့​ အစိုး​ရနဲ့​ ပတ်သက်တဲ့​ အရင်း​ရှင်ကြီး​တွေနဲ့​ ပတ်သက်ပြီး​တော့​ ၃ ချက်ထဲက ဘယ်အချက်ကို လက်မခံနိုင်လို့​ ဦး​နေမျိုး​ဝေက တရား​စွဲဖို့​ တင်တာလဲ၊​ အဲဒီ ၃ ချက်ကို အရင်ရှင်း​ပြပါ။ [caption id="attachment_15032" align="alignright" width="300" caption="ဦးနေမျိုးဝေ"][/caption] “နံပါတ် ၁ က အစိုး​ရနဲ့​ နီး​စပ်တဲ့​ အရင်း​ရှင်ကြီး​တွေက နိုင်ငံပိုင်ဖြစ်တဲ့​ သစ်​တောထဲက သစ်​တွေကို ထုတ်တာတို့​၊​ နိုင်ငံပိုင် ​မြေ​တွေမှာ ​မြေ​တွေ အများ​ကြီး​ ယူတာတို့​၊​ ​ကျောက်တွင်း​တွေ တူး​တာတို့​၊​ အဲဒါမျိုး​ကို လုပ်တာကို ကျ​နော်တို့​က ခွင့်​လွှတ်ပါတယ်​နော်။ နိုင်ငံပိုင် ကျ​နော်တို့​ ပိုင်တယ်ဆို​ပေမယ့်​ ခွင့်​လွှတ်ပါတယ်။ နံပါတ် ၂ အချက်က ​တောင်သူလယ်သမား​တွေ လက်ငုတ်လက်ရင်း​လုပ်​နေတဲ့​ ​မြေယာ​တွေကို ကာလတန်​ကြေး​ထက် ပို​ပေး​ပြီး​တော့​၊​ နှစ်ဦး​နှစ်ဖက် ​ကျေ​ကျေနပ်နပ် တရား​တော့​ မဝင်ဘူး​ပေါ့​ဗျာ၊​ ဒါ​ပေမယ့်​ လယ်သမား​ကလည်း​ ​ကျေနပ်လို့​ ​ရောင်း​လိုက်တယ်။ အဲဒီအမှုမျိုး​ကိုလည်း​ ခွင့်​လွှတ်ပါတယ် မလုပ်ပါဘူး​။ တတိယအချက်က ဘာလဲဆို​တော့​ ​တောင်သူလယ်သမား​ လက်ငုတ်လက်ရင်း​ လုပ်​နေတဲ့​လူ​တွေက မ​ကျေနပ်ဘဲနဲ့​ လက်ငုတ်လုပ်​နေတဲ့​လူ​တွေကို အခွင့်​အာဏာကို ဗန်း​ပြ သုံး​စွဲပြီး​တော့​ ​တောင်သူလယ်သမား​တွေကို ဖယ်ထုတ်၊​ ခြိမ်း​ခြောက်ပြီး​တော့​ လယ်ယာ​မြေကို ​လျော်​ကြေး​လေး​ မဖြစ်သ​လောက် ​ပေး​ပြီး​တော့​ ထုတ်ယူသွား​တာမျိုး​ကိုကျ​တော့​ လယ်သမား​တွေက နစ်နာပါတယ်။ အဲဒီအမှုမျိုး​ကို ကျ​နော်တို့​က လိုက်ပါ ​ဆောင်ရွက်​ပေး​တာပါ။” ဦး​နေမျိုး​ဝေက လယ်ယာ​မြေကိစ္စနဲ့​ ​ဆောင်ရွက်​တော့​ ဧရာဝတီတိုင်း​ဘက်ကို ​ရောက်ဖြစ်လား​။ သူတို့​ဘက်မှာ​ရော သိမ်း​ဆည်း​မှု​တွေ မရှိဘူး​လား​။ “​ညောင်တုန်း​ဘက်မှာ ရှိပါတယ်၊​ ​ချောင်း​သာမှာ ရှိပါတယ်၊​ ဧရာဝတီတိုင်း​ပေါ့​။ ​နောက်တခါ မနက်ဖြန်ကိုပဲ ကို​ကျော်ထွန်း​တို့​ သွား​ပါဦး​မယ်။ အဲဒီ​နေရာက ထန်း​တပင်ပါ၊​ ထန်း​တပင်မှာလည်း​ အဲဒီလို အမှုအခင်း​တွေက ရှိပါတယ်။ ကျ​နော်နဲ့​ ချိတ်ဆက်မိတာဆို ​ချောင်း​သာမှာဆိုရင် အထူး​ပြောချင်ပါတယ်။ ဧရာဝတီတိုင်း​ဒေသကြီး​ အစိုး​ရက ​ငွေ​ဆောင်တို့​၊​ ​ချောင်း​သာတို့​မှာ ဟိုတယ်ဇုန်​တွေ ဘာ​တွေ ​ဆောက်ပြီး​သွား​တော့​ ကျန်တဲ့​ လယ်သမား​တွေကို ပြန်​ဝေ​ပေး​လို့​ မရ​တော့​ဘူး​။ အဲဒါ​ကြောင့်​ လယ်သမား​တွေ ​လျော်​ကြေး​လေး​ပဲ ယူလိုက်ကြပါဆိုပြီး​တော့​ ​ပြောတာရှိတယ်။ တကယ်က အဲဒီလို မဟုတ်ဘူး​။ လယ်သမား​တွေက ​တော်​တော်​လေး​ကို ​အေး​ချမ်း​တဲ့​လူ​တွေ ဖြစ်တဲ့​အတွက် ​ချောင်း​သာမှာဆိုရင် ဧက ၁၀၀ သိမ်း​ထား​ပြီး​တော့​ ၅၀ က အ​ဆောက်အဦ​တွေ ​ပေါ်သွား​ပြီး​ပြီ။ ဧက ၁၀၀ ပိုင်ရှင်​တွေကို ကျ​နော်က ​မေး​ကြည့်​ပါတယ်။ ကျန်တဲ့​ ဧက ၅၀ ကိုပဲ ခင်ဗျား​တို့​ အချိုး​အစား​အလိုက် အညီအမျှ ပြန်ခွဲ​ပေး​မယ်ဗျာ။ အရင်ရဲ့​ တဝက်ပဲ ရကြမယ် ​ကျေနပ်လား​ဆို ​ကျေနပ်ပါတယ်တဲ့​။ လုပ်တတ်ရင် လွယ်လွယ်​လေး​ပါ။” ကိုယ်တိုင် ကွင်း​ဆင်း​ပြီး​တော့​ ​ဆောင်ရွက်တဲ့​အခါမှာ ဒီကိစ္စ​တွေက လူ​ကြောင့်​ ဖြစ်​နေတာလား​၊​ ဥပ​ဒေ​ကြောင့်​ ဖြစ်​နေတာလား​ ဘယ်လိုမျိုး​ မြင်လဲ။ “နှစ်မျိုး​စလုံး​ ဖြစ်ပါတယ်ဗျာ။ အဓိက က​တော့​ မူဝါဒ။ လယ်ယာ​မြေ လုပ်ပိုင်ခွင့်​နဲ့​ ပတ်သက်တဲ့​ မူဝါဒကြီး​ကလည်း​ မှား​နေပါတယ်။ ဘယ်လိုဖြစ်လဲဆို​တော့​ ​ကျေး​ရွာ ​မြေယာ​ကော်မတီ​တွေရဲ့​ လုပ်ပိုင်ခွင့်​ထဲကို အပြည့်​အဝ ​ရောက်သွား​တဲ့​အခါကျ​တော့​ ​ကျေး​ရွာ​မြေယာ ​ကော်မတီ​တွေဆိုတာ တခွင်တပြင် ပြန့်​ကျဲပြီး​တော့​ ဒီလိုပဲ သူလိုကိုယ်လို စာ​ပေပညာ၊​ အဲဒီလိုမျိုး​ ဆင်ခြင်တုံတရား​ အား​နည်း​တဲ့​ လူ​တွေလက်ထဲကို ဒီ လုပ်ပိုင်ခွင့်​ကြီး​ အပြည့်​ရောက်သွား​တဲ့​အခါမှာ အမှုအခင်း​တွေလည်း​ ဖြစ်ပါတယ်။ ဖြစ်တဲ့​အမှုအခင်း​က​တော့​ အရင် ဥပ​ဒေအတိုင်း​ဆိုရင် လယ်သမား​ကို အပြည့်​အဝ ကာတာ။ ကာတာ​တောင် လွန်​နေ​သေး​တယ်။ ဒါ​ပေမယ့်​ ခုနကလို့​ ယန္တရား​စီမံခန့်​ခွဲမှု အပိုင်း​မှာ လုပ်ပိုင်ခွင့်​ များ​သွား​တဲ့​အခါကျ​တော့​ အခု ယန္တရား​အမှု​တွေ တက်​နေပါတယ်။ မူဝါဒကြီး​ကြောင့်​ ယန္တရား​အမှု​တွေ ဖြစ်​နေတာပါ။ မူဝါဒ​ကြောင့်​ ရိုက်ခတ်ခံရတဲ့​ ယန္တရား​ ပြဿနာ​တွေ ဖြစ်ပါတယ်။” ကျ​နော်တို့​ သတိထား​မိသ​လောက်က တပ်မ​တော် အစိုး​ရက​နေပြီး​တော့​ အခု ဦး​သိန်း​စိန်အစိုး​ရ လက်ထဲကို အာဏာမလွှဲခင် ၄-၅-၆ လအတွင်း​မှာ မြန်မာပြည်မှာ လယ်ယာ​မြေ​တွေ သိမ်း​ဆည်း​မှု​တွေ အလွန်အကျွံ လုပ်လာတာ ​တွေ့​ရတယ်။ အဲဒီ​တော့​ အဲဒီ ကိစ္စ​တွေက ​နောက်​ကြောင်း​ပြန်အ​နေနဲ့​ ဘယ်လိုမျိုး​ ကိုင်တွယ်လို့​ ရမလဲ။ “အဓိက တရား​ခံက ကျ​နော်ပါပဲခင်ဗျာ။ ​မြေသိမ်း​ဆည်း​မှု​တွေရဲ့​ အဓိက တရား​ခံက ကျ​နော်ပါပဲ။ ဘာလို့​ဆို​တော့​ မြန်မာပြည်မှာ စက်မှုဖွံ့​ဖြိုး​ရေး​တွေ လုပ်ဖို့​အတွက် ကျ​နော် အဓိက ​ဆော်ဩသူ ဖြစ်ပါတယ်။ အဲဒီ စက်မှုဖွံ့​ဖြိုး​ရေး​တွေ လုပ်မယ်ဆိုရင် မလွှဲမ​သွေ ရှိ​နေတဲ့​ လယ်ယာ​မြေ​တွေကို သိမ်း​ဆည်း​ကောင်း​ သိမ်း​ဆည်း​ရပါလိမ့်​မယ်။ ​နောက်တခါ လယ်သမား​တွေ လယ်ယာ​မြေက​နေ စွန့်​ခွာ​ကောင်း​ စွန့်​ခွာရပါလိမ့်​မယ်။ အဲဒီ မြန်မာပြည်ရဲ့​ ​မြေတန်ဖိုး​ကိုလည်း​ ကျ​နော် နိုင်ငံတကာ စံနှုန်း​နဲ့​ တွက်ချက်ပြပါတယ်။ အဲဒါကို အကွက်မြင်လာတဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်ကြီး​တွေက ကျ​နော် အင်တာနက်မှာ ဖြန့်​ဝေတဲ့​စာ​တွေကို အရင်ဖတ်ပြီး​တော့​ သူတို့​က လက်ဦး​မှု ရယူ သိမ်း​ဆည်း​တယ်လို့​တောင်၊​ ကျ​နော် တရား​ခံမကင်း​ဘူး​ ဆိုတဲ့​ အ​ကြောင်း​တောင် ​ပြောချင်ပါတယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​ စွန့်​ခွာခိုင်း​တာက လယ်သမား​ အ​သေး​စား​လေး​တွေနဲ့​ တန်ရာတန်​ကြေး​ ထိုက်ထိုက်တန်တန် ​ပေး​လျော်ပြီး​ စွန့်​ခွာဖို့​ ကျ​နော်က တိုက်တွန်း​တာ ဖြစ်ပါတယ်။ အဲဒီအပိုင်း​ကျ​တော့​ မလိုက်နာဘဲနဲ့​ လက်ဦး​မှု ယူတာ​တွေ ဖြစ်လာပါတယ်။ ​နောက် ​နောင်လည်း​ ​မြေယာက​နေပြီး​တော့​ မတရား​မှု​တွေ အများ​ကြီး​ ​ပေါ်​ပေါက်နိုင်လို့​ ဒီဟာကို အ​ရေး​တကြီး​ ကိစ္စတခု အ​နေနဲ့​ ကျ​နော်တို့​က ကိုင်တွယ်​နေရခြင်း​ ဖြစ်ပါတယ်။” ဗိုလ်ချုပ်ကြီး​ဟောင်း​ သူရဦး​ရွှေမန်း​ရဲ့​ ​ပြောစကား​ပေါ့​နော်။ ဥပ​ဒေအထက်မှာ မည်သူမှ မရှိ​စေရဆို​တော့​ အခု အစိုး​ရလက်ထက်မှာ လယ်သမား​တွေအတွက် ကာကွယ်​ပေး​နိုင်တဲ့​ အ​ခြေအ​နေမျိုး​တွေက ဆက်ပြီး​တော့​ လယ်သမား​တွေ ကြိုး​စား​မယ် ဆိုလို့​ရှိရင် ဘယ်​လောက်ထိ​အောင် ဖြစ်နိုင်​ခြေရှိလဲ။ ဘာအဟန့်​အတား​တွေ ရှိ​နေလဲ။ “​အောင်မြင်နိုင်ပါတယ်။ ​အောင်မြင်နိုင်ပါတယ်ဆိုတာ ဗိုလ်ချုပ်ကြီး​ သူရ​ရွှေမန်း​ လွှတ်​တော် ဥက္ကဋ္ဌ​ပေါ့​ဗျာ။ အခုက​တော့​။ သူရဦး​ရွှေမန်း​ကိုလည်း​ ကျ​နော်တို့​ ​ကျေး​ဇူး​တင်ပါတယ်။ ဒီစကား​ကို ကျ​နော်တို့​က ကိုး​ကား​လို့​ ရတာကိုး​။ ဒါ​ပေမယ့်​ ဒီလုပ်ငန်း​စဉ်​တွေက မလိုက်နိုင်တာ​လေး​တွေလည်း​ ရှိပါတယ်။ အဲဒီ​တော့​ ပြည်သူနဲ့​ မီဒီယာက​နေပြီး​တော့​ ကျ​နော်တို့​ နိုင်ငံ​ရေး​ပါတီ​တွေ၊​ နိုင်ငံ​ရေး​သမား​တွေနဲ့​ မီဒီယာ​တွေက​နေပြီး​တော့​ ​ဖော်ထုတ်​ပေး​လို့​ရှိရင် ဒါ သူတို့​လည်း​ သိလာမယ်။ စီမံခန့်​ခွဲမှုသ​ဘောအရ အ​ပေါ်က​နေပြီး​တော့​ ​အောက်​ခြေမှာ ဖြစ်ပျက်​နေတာ​တွေကို မသိနိုင်တာ​တွေလည်း​ ရှိပါတယ်။ အဲဒီလို မသိနိုင်တာ​တွေကို ​ဖော်ထုတ်တဲ့​အခါမှာ ​ဖော်ထုတ်တဲ့​သူ​တွေကို အပြစ်မမြင်ဖို့​ စနစ်တကျ သူတို့​ကိုယ်တိုင် ကွင်း​ဆင်း​ကြဖို့​ လိုအပ်ပါတယ်။ အဲဒါဆိုရင် ​အောင်မြင်ပါလိမ့်​မယ်။ ဥပ​ဒေအထက်မှာ ဘယ်သူမှ မရှိဘူး​ဆိုတာကို တကယ်က ဥပ​ဒေအထက်မှာ ရှိတဲ့​လူ​တွေက နိုင်ငံတကာမှာလည်း​ ရှိသလို မြန်မာပြည်မှာ​တော့​ များ​နေတယ်​ပေါ့​ဗျာ။” ကို​နေမျိုး​ဝေနဲ့​ သတင်း​မေး​တဲ့​အခါမှာ ​ဇေကမ္ဘာဦး​ခင်​ရွှေ ကိစ္စကိုပဲ ကျ​နော်တို့​က ပထမဆုံး​အ​နေနဲ့​ပေါ့​နော်။ ကျယ်ကျယ်​လောင်​လောင် ​ပြော​နေတာ ရှိတယ်။ အများ​သူငါ ​ပြော​နေတဲ့​ အစိုး​ရနဲ့​ လက်​ဝေခံ အရင်း​ရှင်ကြီး​တွေက ကျန်တဲ့​ လယ်ယာ​မြေ သိမ်း​ဆည်း​မှု​တွေမှာ မပတ်သက်ဘူး​လား​၊​ ဒါမှမဟုတ် သန့်​ရှင်း​လား​ သူတို့​ လက်​တွေက​ရော ဘယ်လို ရှိပါသလဲ။ “ကျ​နော်တို့​က အခုန​ပြောတဲ့​ ပြဿနာ ၃ ခု​ပေါ့​ဗျာ။ လယ်ယာ လက်ငုတ်လက်ရင်း​ လုပ်တဲ့​လူ​တွေ နစ်နာတဲ့​ဟာမျိုး​ကို အဓိက လိုက်ပါ တိုက်ပွဲဝင်တဲ့​အခါကျ​တော့​ ဦး​ခင်​ရွှေတို့​က အဓိက ကျ​နော်တို့​နဲ့​ ထိစပ်သလို ဖြစ်သွား​တာ​ပေါ့​။ ကျန်တဲ့​ ဦး​တေဇတို့​ ဘာတို့​ ရှိ​ကောင်း​ ရှိမယ်ဗျာ၊​ ဦး​ဇော်​ဇော်တို့​ ဘာတို့​ ရှိ​ကောင်း​ ရှိမယ်ဗျာ။ သူတို့​တွေကလည်း​ ကျ​နော်တို့​ လက်လှမ်း​မမီတဲ့​ ​နေရာ​ဒေသက လက်ငုတ်လက်ရင်း​တွေ မထိခိုက်တဲ့​နေရာမှာ သွား​ပြီး​တော့​ လုပ်ငန်း​ကြီး​တွေ ရယူထား​တာဆိုရင် ကျ​နော်တို့​က သည်း​ခံ​နေလို့​ ရတဲ့​သ​ဘောဗျာ။ ကျ​နော်တို့​ကို သက်​သေလာခံမယ့်​ လယ်သမား​တွေလည်း​ အဲဒီလို ​ဒေသမှာ မရှိ​သေး​တဲ့​ သ​ဘောပါဘဲ။ ရှိရင် ကျ​နော်တို့​ လူမ​ရှောင်ပါဘူး​။ ရှိရင်လည်း​ ခင်ဗျား​တို့​ ရှိရင် ကျ​နော်တို့​ကို သတင်း​ပေး​ပါ။ လယ်သမား​တွေကိုလည်း​ ကျ​နော်တို့​ ဖုန်း​နံပါတ် ​ပေး​ပေး​ပါ။ လိုက်ပါ တိုက်ပွဲဝင်​ပေး​ပါ့​မယ်။ လူမ​ရွေး​ပါဘူး​။ ဒါ​ပေမယ့်​ ဖြစ်နိုင်တာက​တော့​ လုပ်ငန်း​ရှင်ကြီး​တွေက ၆ ဦး​လောက်ပဲ ရှိပါတယ်။” ဦး​နေမျိုး​ဝေ ​နောက်ဆုံး​အ​နေနဲ့​ ဘာများ​ ​ပြောစရာ ရှိဦး​မလဲ။ “မီဒီယာ​တွေ​ရော၊​ ပြည်သူ​တွေ​ရော၊​ နိုင်ငံ​ရေး​သမား​တွေ​ရော ပူး​ပေါင်း​ဆောင်ရွက်မယ်ဆိုရင် ဒါဟာ အစိုး​ရကို သန့်​ရှင်း​တဲ့​ အစိုး​ရဖြစ်​အောင် ကူညီရာ​ရောက်ပါတယ်။ ကျ​နော်တို့​က အစိုး​ရကို ကူညီ​နေပါတယ်။ နိုင်ငံ​တော် သမ္မတကြီး​ရဲ့​ သန့်​ရှင်း​တဲ့​အစိုး​ရ၊​ ပွင့်​လင်း​မြင်သာတဲ့​ အစိုး​ရဖြစ်​အောင် ကူညီတဲ့​နေရာမှာ ကျ​နော်တို့​ အခမဲ့​ ကူညီတဲ့​လူ​တွေ ဖြစ်​ကြောင်း​ ​ပြောပါရ​စေ။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up