A d v e r t i s e m e n t With Us

ရေးမြို့တွင် မူးယစ်ဆေးပြားများနှင့် ဘိန်းစာရွက်များ ဖမ်းမိ

မွန်ပြည်နယ် ရေးမြို့နယ်မှာ ဇွန်လ ၁၇ ရက်နေ့ ၆ နာရီကျော်လောက်က မူးယစ်ဆေးဝါး ၁၄၄၈ ပြား ဖမ်းဆီးရမိခဲ့ပါတယ်။ ယာယီရဲမှူး ခင်ညိုရဲ့အနီးကပ်ကြီးကြပ်မှုနဲ့ မူးယစ်တပ်ဖွဲ့ စု ၃၉ မှ ဒုရဲမှူးနိုင်အောင်ခိုင်နဲ့ အဖွဲ့ဟာ ဇွန် ၁၇ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ်က မူးယစ်ဆေးဝါးသတင်းအရ ခေါဇာမြို့၊ ရင်းရယ်ကျေးရွာအုပ်စု ရင်းဒိန်းကျေးရွာ ရပ်ကွက် ၁ ပလိုင်တိန် နေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့ တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့မှူး ခင်ညိုက ပြောပါတယ်။ နေအိမ်အတွင်း အိပ်ခန်းလွယ်အိတ်ငယ် အတွင်းမှ Vivo တံဆိပ်ဘူးနဲ့ထည့်ထားတဲ့ WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၄၄၈ ပြားနဲ့ ငွေလွှဲ လက်မှတ် ၁ စောင်၊ မြန် မာငွေကျပ် ၁ သိန်းခွဲ နဲ့အတူ အိမ်နောက်ဖေးခန်း အလှပြင် မှန်တင်ခုံ အံဆွဲထဲမှ ဘိန်းစာရွက်လို့ ယူဆရတဲ့ အစို ၄ ကျပ်သားလောက် သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ ခေါဇာရဲစခန်းက စိတ်ကြွဆေးပြားနဲ့ ဘိန်းစာရွက်လက်ဝယ်ထားရှိသူ ပလိုင်တိန်ကို မယ (ပ)၂/၂၀၁၇ မူး/စိတ်ပြောင်း ပုဒ်မ-၁၅အရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖမ်းဆီးအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ နေမျိုးထွဋ် (ရေး)

A d v e r t i s e m e n t With Us

More News
Up