A d v e r t i s e m e n t With Us

အင်းတော်တွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၆၀၀၀ ဖိုးခန့် ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နဘားလမ်းဆုံမှာ ဇွန် ၁၇ ရက်နေ့က မူးယစ်ဆေးဝါး ကျပ်သိန်း ၆၀၀၀ ဖိုးလောက် ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဆွေညွှန့်က ပြောပါတယ်။ အင်းတော်မြို့နယ်ရွှေဘို-မြစ်ကြီးနားကားလမ်း နဘားကားလမ်းဆုံမှာ ဇွန်လ ၁၇ ရက်ညနေ ၅ နာရီ ၁၆ မိနစ်လောက်မှာ နဘားရဲကင်းစခန်းက ရဲအုပ်ခင်ဇော်ထိုက်နဲ့အဖွဲ့ဟာ မူးယစ်ဆေးဝါးသတင်းအရ မော်တော်ယာဉ်တွေကို ရှောင်တခင်စစ်ဆေးရာကနေ ဖမ်းဆီးမိခဲ့တာပါ။ မန္တလေးဘက်က မြစ်ကြီးနားဘက်ကို ယာဉ်မောင်း ဆန်းကျော်ခိုင်မောင်းနှင်ပြီး ရမ်ယူမိတို့ လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို စစ်ဆေးခဲ့ရာ LOVE IS FLOWER စာတန်းပါ ရောင်စုံဆပ်ပြာခွက်အတွင်းမှ ဘိန်းဖြူ ၁ ခွက်လျှင် ၁၀) ဂရမ်ခန့်စီပါ ၁၈၃ ခွက်ကာလတန်ဖိုး ကျပ်သိန်း ၁၈၃၀၀၀၀၀၀၊ 88 နှင့် 1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၉၀၀ ပြား ကာလတန်ဖို့း ကျပ်သိန်း ၄၀၉၅၀၀၀၀၀၊  စုစုပေါင်းကာလတန်ဖိုး ၅၉၂၅၀၀၀၀၀ ကျပ်ကို ရှာဖွေသိမ်းဆည်း ရမိခဲ့တယ်လို့ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဆွေညွှန့်က ပြောပါတယ်။ အင်းတော်မြို့မရဲစခန်းက ဆန်းကျော်ခိုင်နဲ့  ရမ်ယူမိ တို့ကို မူးယစ်ဆေးဝါးဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)

A d v e r t i s e m e n t With Us

More News
Up