A d v e r t i s e m e n t With Us

အာဏာရှင် ကင်ဂျုံအန်း မျက်နှာအဆင်ဖြင့် ၀တ်စုံ လူမှုကွန်ရက်တွင် ရေပန်းစား

ကင်ဂျုံအန်း ပြုံးရယ်နေတဲ့ မျက်နှာနဲ့ အမျိုးသားဝတ် တဆက်တည်း အကျီင်္ိနဲ့ဘောင်းဘီတို ၀တ်စုံက ဒီနှစ်နွေရာသီရဲ့ အူကြောင်ကြောင်အနိုင်ဆုံး ဝတ်စုံဖြစ်လာတယ်လို့ သည်ဆန်းသတင်းမှာ ရေးထားပါတယ်။ အမျိုးသားဝတ် တဆက်တည်းဖြစ်တဲ့ ရှပ်အကျီင်္ိနဲ့ ဘောင်းဘီတို အာဏာရှင်ဝတ်စုံကို လူမှုကွန်ရက်စာမျက်နှာထက်က လက်လီရောင်းချတဲ့ GetOnFleek.com ဆိုတဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ၆၃ ပေါင်နဲ့ ရောင်းချနေတာဖြစ်ပြီး လူမှုကွန်ရက် သုံးစွဲသူတွေလည်း ဈေးလျှော့ရောင်းနေလို့ နားမလည်နိုင်ဖြစ်နေကြပါတယ်။ အီးအက်စ်ပီအန်သတင်းဌာနရဲ့ သတင်းထောက် ကာရီချိုးက “အင်တာနက်ပေါ်က အဆိုးရွားဆုံးတခု” လို့ မှတ်ချက်ရေးလိုက်ပြီး “အင်မတန်ဆိုးရွားတာတွေ အကုန်လုံးကို ပေါင်းစပ်ထားတာ” လို့ တွီတာပေါ်မှာ ရေးခဲ့ပါတယ်။ ဒါပေမယ့် သိပ်ပြီး စတိုင်မကျ စွဲဆောင်မှုမရှိတဲ့ ဒီဝတ်စုံတွေကို ဝယ်သူတွေက ချက်ချင်းဝယ်ချင်ပုံတော့ ရပါတယ်။ “ဒီအကျီဝမ်းဆက်တွေက မယုံနိုင်လောက်အောင် နာမည်ကြီးနေလို့ အခုပဲ မှာပြီး ဝယ်ယူသင့်တယ်ဆိုတာ အကြံပေးချင်တယ်” လို့ ရောင်းသူကတော့ ပြောပါတယ်။ အကျီင်္ိဝမ်းဆက်တွေက လိမ္မော်ရောင်တောက်တောက် ပန်းအခိုင်တွေ အသင့်စားခေါက်ဆွဲထုတ် အဆင် ဒီဇိုင်းအပါအဝင် ကြောင်တောင်တောင်နိုင်လှတဲ့ အဆင်တွေဖြစ်လို့ ဝယ်မယ့်သူတွေလည်း အံ့သြနေကြပါတယ်။ အထူးသဖြင့် ကင်ဂျုံအန်းက ပြီးခဲ့တဲ့လက နျူကလီးယားစစ်ဖြစ်ဖို့ ခြိမ်းခြောက်ပြီး ဒုံးကျည်တော်တော်များများကိုလည်း ပစ်လွှတ်ခဲ့လို့ အခုကတော့ ဒီခေတ်မီ ရှပ်အင်္ကျီဘောင်းဘီ ဝမ်းဆက်အပေါ်မှာ အာဏာရှင်ပုံ ရိုက်နှိပ်ပြီး ဂုဏ်ပြုထားသလိုဖြစ်နေတာက အချိန်ကောင်းမဟုတ်နိုင်ဘူးလို့ ရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up