ပညာသင်ဆဲ ကျောင်းသားကျောင်းသူများ ဖေ့စ်ဘွတ်ခ်မသုံးကြရန် မောင်သုတရဲမိုးပြော
DVB
·
June 18, 2017
ပညာသင်ယူနေကြဆဲဖြစ်တဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ပညာရေးထိခိုက်နိုင်တဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မသုံးစွဲဖို့ ဒီနှစ် တက္ကသိုလ်ဝင်တန်းတန်းစာမေးပွဲမှာ မြန်မာတနိုင်ငံလုံး အမှတ်အများဆုံးနဲ့ ပထမဆုရရှိသွားတဲ့ မောင်သုတရဲမိုးက ဒီဗွီဘီကို ပြောပါတယ်။
၁၀ တန်းကျောင်းသူကျောင်းသားတွေအနေနဲ့ ပညာသင်ယူရာမှာ ဂိုက်မများစေဘဲ ကျန်းမာရေးလည်း ဂရုစိုက်ဖို့ လိုကြောင်း၊ ဂိမ်းကိုလည်း နားချိန်ထက် ပိုမဆော့သင့်ကြောင်း၊ စာကြည့်ချိန်၊ နားချိန်နဲ့ အိပ်ချိန်တွေကို အချိုးညီအောင်လုပ်သင့်ကြောင်း၊ ကျောင်းလည်း မှန်မှန်တက်သင့်ကြောင်း သူက တိုက်တွန်းပြောဆိုပါတယ်။
မောင်သုတရဲမိုးဟာ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အထက ၂ ကနေ ခြောက်ဘာသာ ဂုဏ်ထူးကို အမှတ် ၅၅၅ မှတ်နဲ့ မြန်မာတနိုင်ငံလုံး အမှတ်အများဆုံးရရှိခဲ့တာလည်း ဖြစ်ပါတယ်။
သူ့ရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ အင်ဂျင်နီယာတဦးဖြစ်ချင်တယ်လို့ ဆိုပါတယ်။