Home
မြန်မာသတင်း
အင်းတော်တွင် အသက် ၉၀ နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်
DVB
·
June 17, 2017
စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ မာန်ဟဲကျေးရွာစုမှာ ဇွန် ၁၆ ရက် မနက်ပိုင်းက မာန်ဟဲကျေးရွာအုပ်စု လူမှုကာကွယ်စောင့်ရှောက်ရေး ကော်မတီအသင်းအဖွဲ့အစည်းက အသက် ၉၀ နှစ်နဲ့အထက် ဘိုးဘွားတွေကို လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဧပြီ၊ မေ၊ ဇွန်လတွေအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ လူမှုရေးပင်စင်များကို ၃ လတစ်ခါထုတ်ပေးမှာ ဖြစ်ကြောင်း၊ ယခုအကြိမ်စာရင်းမပါသူများ ကျန်ရှိနိုင်သေးကြောင်း၊ ဒါကြောင့်အသက် ၉၀ နှစ်နဲ့အထက် ဘိုးဘွားတွေကို လူမှုရေးပင်စင် ရရှိခံစားနိုင်စေဖို့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ အချိန်မီစာရင်းပေးပို့နိုဖို့ လိုအပ်ကြောင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မာန်ဟဲကျေးရွာအုပ်စု ကျေးရွာ ၄ ရွာတွင် အဘိုးအဘွား ၄ ဦး ရှိတယ်လို့ သိရပါတယ်။ မာန်ဟဲကျေးရွာအုပ်စု ပေကုန်းကျေးရွာမှာ ဒေါ်လီးချွင်းချင့် (၉၈) နှစ်၊ မလူးကျေးရွာက ဒေါ်အေးပို ၉၂ နှစ်၊ ဒေါ်အေးကြည် ၉၁ နှစ်တို့ဟာ အခုလက်ရှိ သက်ရှိထင်ရှားရှိပြီး ဦးအောင်ဘ ၉၂ နှစ် သေဆုံး ကိုယ်စားထုတ်ယူသူတို့အတွက် တစ်လငွေကျပ် ၁၀၀၀၀ နှုန်းနဲ့ ၃ လစာကို အင်းတော်မြို့နယ် မာန်ဟဲကျေးရွာအုပ်စု လူမှုကာကွယ်စောင့်ရှောက်ရေး ကော်မတီအသင်းအဖွဲ့မှ အသက် ၉၀ နှစ်နဲ့အထက် ဘိုးဘွားတွေရဲ့ နေအိမ်အရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးပို့ခဲ့တယ်လို့ သိရပါတယ်။ khin swe maw luu
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024