DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များ တရုတ်ဘက်က ပိတ်သိမ်း
DVB
·
June 17, 2017
မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များ တရုတ်ဘက်က ပိတ်သိမ်း
Donate to DVB

တရုတ်နိုင်ငံကဘဏ်တွေမှာ မြန်မာနိုင်ငံသားတွေ အပ်နှံထားတဲ့ ဘဏ်ငွေစာရင်းတွေကို တရုတ်အစိုးရက ဇွန် ၁၅ ရက်နေ့မှာ ပိတ်သိမ်းလိုက်တာကြောင့် ဘဏ်မှာ ငွေအပ်နှံထားတဲ့ သူတွ အခက်တွေ့နေပါတယ်။

ငွေစာရင်းပိတ်သိမ်းခံရသူ တစ်ထောင်ကျော်ရှိပါတယ်။ အဲဒီထဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ကုန်သည်တွေ ငွေလဲလှယ်သူတွေအပြင် သာမာန်ပြည်သူလူထုတွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်အကောင့်တွေကို အကြောင်းကြားခြင်း တစုံတရာမရှိဘဲနဲ့ ပိတ်လိုက်တာကြောင့် ငွေကြေးစီးဆင်းမှုနဲ့ မြန်မာ-တရုတ် ၂ နိုင်ငံရဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းတွေ ထိခိုက်နေတယ်လို့ မူဆယ်မြို့က လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“အရင်ကလည်း မကြာခဏဆိုသလို ဘဏ်အကောင့်ပိတ်ခံရပေမယ့် ဒီတစ်ခါ ဘဏ်အကောင့် ပိတ်ခံရတာဟာ လူဦးရေအများဆုံး ပိတ်သိမ်းခံရတာဖြစ်ပြီး ငွေကြေးအနေနဲ့လည်း ပမာဏများပြားလွန်းနေတယ်” လို့ လယ်ယာထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်နေတဲ့ ဒေါ်ဖြူက ပြောပါတယ်။

ပဲပြောင်းနှမ်း လယ်ယာထွက်ပစ္စည်းကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလှမောင်ကလည်း “တချို့ကုန်သည်တွေဆို တရုတ်ဘဏ် ယွမ်ငွေသိန်းချီအပ်ထားတယ်။ မြန်မာငွေ သိန်းနှစ်ထောင်လောက်ရှိတာပေါ့။ ဒီတော့ ဘဏ်အကောင့်တထောင်ကျော်ဆိုတော့ မြန်မာကျပ်ငွေနဲ့ဆို ဘယ်လောက်ဆုံးရှုံးသွားလဲဆိုတာ မပြောပြတတ်တော့ဘူး” လို့ ကုန်သည်တဦးက ပြောပါတယ်။

ဘဏ်အကောင့်ပိတ်ခံရသူတွေဟာ မိမိငွေအပ်ထားတဲ့ ဘဏ်ကိုသွားပြီး အကောင့်တွေ ဘာကြောင့်ပိတ်ရတာလဲမေးတော့ ရဲကပိတ်ခိုင်းလို့ ပိတ်တာဖြစ်ပြီး အနည်းဆုံး ၁ နှစ်ကနေ ၃ နှစ်ထိပိတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ပဲ၊ ပြောင်း၊ နှမ်းနဲ့ လယ်ယာထွက် ကုန်ပစ္စည်း ကုန်သည်တွေနဲ့ ငွေလဲသူတွေ စုစည်းပြီး မူဆယ်မြို့ ၁၀၅ ကုန်သွယ်ရေးဇုန်မှာရှိတဲ့ ပဲ၊ ပြောင်း၊ နှမ်းနဲ့ လယ်ယာထွက်ကုန်ပစ္စည်းကုည်စည်ဒိုင်မှာ စုစည်းပြီး တရုတ်အစိုးရက ပိတ်ထားတဲ့ အကောင့်တွေကို ပြန်ဖွင့်ပေးဖို့နဲ့ ငွေလဲသူတွေကို တရားဝင် ငွေလဲသူတွေအဖြစ် လိုင်စင်ထုတ်ပေးဖို့ မြန်မာအစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း၊ အန်အယ်လ်ဒီ ပါတီဝင်တွေ၊ လွှတ်တော်ပြင်ပ အစိုးရအထောက်အကူပြု လူမှုနိုင်ငံရေး အင်အားစု အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။

ဒီဆွေးနွေးချက်တွေကို အစိုးရနဲ့ သက်ဆိုင်ရာဌာနတွေကို တင်ပြသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013