Home
မြန်မာသတင်း
ပြင်ဦးလွင်-ရန်ကုန် မိုင် ၁၀၀၀ တကိုယ်တော်လမ်းလျှောက်သူ ဝမ်းတွင်းရောက်ရှိ
DVB
·
June 17, 2017
၂၀၁၇ ဆီးဂိမ်း အောင်နိုင်ရေး၊ မူယစ်ဆေးဝါး ပပျောက်ရေး၊ သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းရေး ရည်ရွယ်ပြီး ပြင်ဦးလွင် - ရန်ကုန် အသွားအပြန် မိုင် ၁၀၀၀ လမ်းလျှောက်လာသူ ကိုကျော်ကျော်ဝင်း(ခေါ်) ကိုစနေဟာ မနေ့ညက ၀မ်းတွင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ကို ဇွန် ၁၆ ရက် ည ၉ နာရီခွဲမှာ ရောက်ရှိပြီး ညအိပ်တယ်လို့ မြိုနယ်အား/ကာဦးစီးမှူးက ပြောပါတယ်။ မိုင် ၁၀၀၀ လမ်းလျှောက်သူ ကိုစနေက "ခေတ်ကြီးက တိုးတက်လာတယ်၊ လူငယ်လူ ရွယ်တွေ မူးယစ်ဆေးဝါး သုံးစွဲတာကို မကြိုက်ဘူး၊ အခုလို လမ်းလျှောက်တာ စိတ်ဝင်စားပြီး မကောင်းတာကို သိသွားရင် တယောက်ပြင်လာရင် တယောက် ကောင်းကျိုးဖြစ်လာမယ်။ ဒါကြောင့် မူးယစ်ဆေးဝါး ပပျောက်ရေး ထည့်ထားတယ်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလို့ ရာသီဥတုတွေ ဖောက်ပြန်လာတယ်၊ ထိန်းသိမ်းလိုက်ရင် ကောင်းသွားမယ်။ ၂၀၁၇ နိုဝင်ဘာလ မလေးရှားမှာ ကျင်းပမယ့် ဆီးဂိမ်းကို အောင်နိုင်စေချင်တယ်။ ဒီဆန္ဒတွေကို အများသိလာအောင် လမ်းလျှောက်ဖော်ပြတာပါ" လို့ ပြောပါ တယ်။ ပြင်ဦးလွင် အားကစားကွင်းကနေ ဇွန် ၁၂ ရက် မနက် ၇ နာရီကနေ စတင် လမ်းလျှောက် ခဲ့တဲ့ အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ကိုစနေဟာ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၅ ဖောင်းတောရွာမှာ နေထိုင်သူဖြစ်ပြီး အရင်က စက်ဘီးစီးပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တဲ့ အားကစားသမားတဦး ဖြစ်တယ်လို့ သိရပါတယ်။ ကိုစနေ လမ်းလျှောက်လာရာ လမ်းတလျှောက်မှာလည်း ဌာနဆိုင်ရာ ဝန်ထမ်းတွေက ကူညီစောင့်ရှောက် လိုက်ပါပေးနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024