Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ် ပျက်စီးလမ်းတံတားအတွက် ကျပ်သန်း ၃၅၀၀ သုံးစွဲမည်
DVB
·
June 16, 2017
tg5
tg4
tg3
tg2
tg1
tg
tg1
တိုက်ကြီးမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်၍ပျက်စီးသွားတဲ့ ကျေးရွာချင်းဆက်လမ်းတွေနဲ့ တံတားတွေကို ကမ္ဘာ့ဘဏ်ချေးငွေနဲ့  ပြုပြင်တည်ဆောက်မယ်လို့  မြို့နယ်ကျေးလက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်ကပြောပါတယ်။ ကျေးရွာချင်းဆက်လမ်း ၂ လမ်းနဲ့ တံတား ၁၂ စင်းတို့ကို ကွန်ကရစ်လမ်းခင်းတာ၊ တံတားတွေ အသစ်တည်ဆောက်တာတွေအတွက် ငွေကျပ် ၃၄၅၉.၆၀၈ သန်း သုံးစွဲမယ်လို့ သူက ပြောပါတယ်။ ဦးခင်မောင်မြင့်က “အခုတိုက်ကြီး-ကြာအင်းသွားလမ်းနဲ့ တံတား ၅ စင်း၊ တော်လတီ-ကလော့သော့သွားလမ်းနဲ့ တံတား ၇ စင်းတို့ကို ပြုပြင်ဖို့ ရွေးထားပြီးပါပြီ။ ၂၀၁၇ နိုဝင်ဘာလမှစပြီး အကောင်အထည်ဖော်လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။ ၂၀၁၅ ခုနှစ် ရေကြီးတုန်းက ကမ္ဘာ့ဘဏ်က လာကြည့်ရှုပြီး ဒီနှစ်မှ ချေးငွေကျကြောင်း၊ ငါး နှစ်စီမံကိန်းနဲ့ အကောင်အထည်ဖော်မှာဖြစ်ကြောင်း သိရပါတယ်။ အခုအခါ လုပ်ငန်းအကောင်အထည်ဖော်ဖို့အတွက်  ညှိနှိုင်းဆွေးနွေးနေသလို တပြိုင်နက် ကွင်းဆင်းမှုတွေလည်း စတင်နေပြီလို့ ဆိုပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024