DVB Logo
Home
မြန်မာသတင်း
လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းသိနိုင်ဖို့ Black Boxကို ရှာတွေ့နိုင်ရန်ကြိုးစားနေဟု ကာချုပ်ပြော
DVB
·
June 16, 2017
လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းသိနိုင်ဖို့  Black Boxကို  ရှာတွေ့နိုင်ရန်ကြိုးစားနေဟု ကာချုပ်ပြော
Donate to DVB

ပျက်ကျသွားတဲ့ တပ်မတော်လေယာဉ်အမြီးပိုင်းနားမှာရှိတဲ့ Black Box လေယာဉ် ပျံသန်းမှု မှတ်တမ်းတင်စက်ကိရိယာကို ရှာဖွေတွေ့ရှိနိုင်ဖို့ကြိုးစားနေပြီး  ရှာဖွေတွေ့ရှိခဲ့ရင် လေယာဉ်ပျက်ကျတဲ့ အကြောင်းအရင်းကို သိနိုင်မှာဖြစ်တယ်လို့ ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။

ဇွန်၁၆ရက်မနက်က ထားဝယ်မြို့ မြို့တော်ခန်းမမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်နဲ့ ဝန်ကြီးတွေအပါအ၀င်  ရပ်မိရပ်ဖတွေနဲ့ လေယာဉ်ရှာဖွေကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ သူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

Y-8 တပ်မတော်လေယာဉ်ရဲ့ အမြီးပိုင်းကို  ငါးဖမ်းစက်လှေတစီးက မနေ့ ညနေက ထားဝယ် မြင်းခွာအော် အနောက်ဘက် ရေအနက် ၃၅ မီတာလောက်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ဒီနေ့မှာလဲ လေယာဉ်အပိုင်းအစတွေထပ်မံတွေ့ရှိခဲ့ရတယ်လို့ပြောဆိုခဲ့တာပါ။

လေယာဉ်ပျက်ကျတဲ့ အကြောင်းအရင်းကိုသိရှိရပါက အခြေအနေပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

လေယာဉ်အမှုထမ်းတွေ၊ အရာရှိစစ်သည်နဲ့ မိသားစုတွေ အပါအ၀င် လူပေါင်း ၁၂၂ ဦးလိုက်ပါလာတဲ့ Y-8 တပ်မတော်လေယာဉ်ဟာ ဇွန် ၇ရက်က မြိတ်မှ ရန်ကုန်သို့ အမြင့်ပေ ၁၈၀၀၀ ခန့်မှ ပြန်လည်ထွက်ခွာပျံသန်းလာစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ချိန်မှာ ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အရောက် ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက်ပျောက်ဆုံး သွားခဲ့တာဖြစ်ပါတယ်။

လေယာဉ်ရဲ့ သံသယဖြစ်စရာအခြေအနေကို ၁ နာရီနဲ့ ၂၉ မိနစ်မှာ ရေဒါပုံရိပ်က ဖမ်းယူရရှိခဲ့ရ တယ်လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

တပ်မတော် လေယာဉ်ဟာ အမြင့်ပေ ၁၈၀၀၀လောက်မှာပျံသန်းနေရင်း တစ်မိနစ်အတွင်း လေယာဉ်က နိမ့်ဆင်းသွားတာဖြစ်ပြီး နောက်ထပ်တစ်မိနစ်အတွင်းမှာ လေယာဉ်မှူးက လေယာဉ်ကိုပြန်လည်ဆွဲတင်ခဲ့တာကို တွေ့ရှိခဲ့ရတယ်၊ နောက်ထပ် ၂ နစ်အတွင်းမှာ လေယာဉ်ဟာ ရေဒါပုံရိပ်ကနေပျောက်ကွယ်သွားတာကိုတွေ့ရှိခဲ့ရတယ်လို့လည်း  ပြောကြား ခဲ့ပါတယ်။

ဓာတ်ပုံ- ကာချုပ်ရုံး

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013