Homeမြန်မာသတင်း
ကာကွယ်ရေးဦးစီးချုပ်ထားဝယ်မြို့သို့ရောက်ရှိ၊ လေယာဉ်ပျက်ရှာဖွေ ကူညီသူများအား ကျေးဇူးတင်စကားပြော (ဓာတ်ပုံ)
ကာကွယ်ရေးဦးစီးချုပ်ထားဝယ်မြို့သို့ရောက်ရှိ၊ လေယာဉ်ပျက်ရှာဖွေ ကူညီသူများအား ကျေးဇူးတင်စကားပြော (ဓာတ်ပုံ)
DVB
·
June 16, 2017
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က ထားဝယ်မြို့ကိုရောက်ရှိလာခဲ့ပါတယ်။
မြို့ခံတာဝန်ရှိအစိုးရအဖွဲ့နဲ့ လေယာဉ်ပျောက်ဆုံးမှုမှာ ပါဝင်ကူညီပေးခဲ့သူတွေနဲ့ ထားဝယ်မြို့ မြို့တော်ခန်းမမှာတွ့ဆုံခဲ့ပြီး အခုလိုပြည်သူတွေက ပူးပေါင်းကူညီပေးတာဟာ တိုင်းပြည်ကိုချစ်တတ်တဲ့ စိတ်ကိုပြသတာဖြစ်တယ်၊ ပြည်သူတွေရဲ့စိတ်ဓာတ်မြင့်မားတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း တပ်မတော် အကြီးအကဲကပြောကြားသွားပါတယ်။