A d v e r t i s e m e n t With Us

ပဒိုမန်း​ငြိမ်း​မောင်အမှုတွင် တာဝန်ရှိသူများ​၏ ​ပြောကြား​ချက်သည် တရား​ရုံး​ကို မထီမဲ့​မြင် ပြုလုပ်ဟုဆို

ပဒုိ မန်းြငိမ်းေမာင်
ပဒိုမန်း​ငြိမ်း​မောင်အမှုနဲ့​ ပတ်သက်လို့​ သက်ဆိုင်ရာ တာဝန်ရှိသူ​တွေရဲ့​ ဂျာနယ်​တွေမှာ ​ပြောဆိုချက်​တွေဟာ တရား​ရုံး​ကို မထီမဲ့​မြင်ပြုလုပ်ချက်​တွေ ဖြစ်တယ်လို့​ ပဒိုမန်း​ငြိမ်း​ဘက်က လိုက်ပါ​ဆောင်ရွက်တဲ့​ ဥပ​ဒေအကြံ​ပေး​ ဦး​အောင်သိန်း​က ​ဝေဖန် ​ပြောဆိုလိုက်ပါတယ်။ [caption id="attachment_14974" align="alignright" width="300" caption="ပဒိုမန်း​ငြိမ်း​မောင်"][/caption] “တရား​စီရင်​ရေး​ရဲ့​ လမ်း​ကြောင်း​ပေါ်မှာ သွား​နေတဲ့​အတွက် အုပ်ချုပ်​ရေး​ပိုင်း​ ဆိုင်ရာ​တွေက​နေ အစိုး​ရအဖွဲ့​နဲ့​ ဝင်​ရောက် မစွက်ဖက်ဘူး​ဆိုတဲ့​ သ​ဘောမျိုး​နဲ့​ သူတို့​ လွှတ်ထား​တယ်။ ​နောက်ပြီး​တော့​ သူတို့​ ဒီကိစ္စက လွတ်နိုင်ပါတယ် ဆိုပြီး​တော့​ ဂျာနယ်၊​ မီဒီယာက​နေပြီး​တော့​ ထုတ်ပြီး​တော့​ တာဝန်ရှိသူ​တွေက ပြီး​တော့​လွတ်သွား​မှာပါ ဆိုတဲ့​စကား​လုံး​ကို သုံး​တာဟာဖြင့်​ ရှင်း​ရှင်း​ပြောရင် တရား​ရုံး​များ​ကို မထီ​လေး​စား​ ပြုလုပ်တယ်။ တရား​စီရင်​ရေး​ပေါ်မှာ လမ်း​ကြောင်း​က သွား​နေတဲ့​ အလုပ်​ပေါ်မှာ ဒီလို တာဝန်ရှိသူ​တွေက လက်လွတ်စပယ် ​ပြောတာကဖြင့်​ မ​ပြောသင့်​ဘူး​လို့​ အန်ကယ်တို့​ဘက်က မြင်တယ်။ ” ပဒိုမန်း​ငြိမ်း​မောင်ကို နိုင်ငံ​တော်ပုန်ကန်မှု၊​ မတရား​အသင်း​ ဥပ​ဒေပုဒ်မ​တွေနဲ့​ အစိုး​ရက တရား​စွဲဆိုထား​ပြီး​ အင်း​စိန်​ထောင်မှာ ကြာသပ​တေး​နေ့​တိုင်း​ ရုံး​ထုတ်​နေပြီး​ ပြန်​ခေါ်သက်​သေ​တွေကို စစ်​မေး​ခဲ့​ပါတယ်။ မနက်ဖြန်မှာ ပဒိုမန်း​ငြိမ်း​မောင်ကို စတင် စစ်​ဆေး​ဖို့​ ရှိပါတယ်။ ဂျာနယ်တချို့​မှာ ပါရှိတဲ့​ “မန်း​ငြိမ်း​မောင် ပြန်လွတ်မှာပါ”လို့​ တာဝန်ရှိသူရဲ့​ ​ပြောဆိုချက်ကို တရား​ရုံး​က မန်း​ငြိမ်း​မောင်ကို ပြသ​ကြောင်း​နဲ့​ တကယ်​တော့​ ဒီလို မဖြစ်သင့်​ကြောင်း​ ဦး​အောင်သိန်း​က ​ထောက်ပြ​ပြောဆိုပါတယ်။ “အုပ်ချုပ်​ရေး​ အာဏာပိုင်အဖွဲ့​အစည်း​က အချိန်မ​ရွေး​ လွှတ်နိုင်ခွင့်​ ရှိတယ်ဆိုတာ ကျ​နော်တို့​က နား​လည်တယ်။ ဒါ​ပေမယ့်​ တရား​စီရင်​ရေး​ပိုင်း​မှာ​တော့​ တရား​စီရင်​ရေး​ပိုင်း​ကို သွား​နေတဲ့​ အမှုအခင်း​ပေါ်မှာ ဒီလို ကြိုပြီး​ပြောပြီး​တော့​ တဖက်ကလည်း​ ခင်ဗျား​လွတ်မှာပါ။ ဒါ​ပေမယ့်​ ကျ​နော်တို့​ အလုပ်ကို​တော့​ ကျ​နော်တို့​ လုပ်ရမှာပဲ။ ကျ​နော်တို့​ တရား​ရုံး​ပေါ်မှာ​တော့​ နား​လည်မှု ​ပေး​ထား​ပါဆိုတဲ့​ သ​ဘောသက်​ရောက်တဲ့​ ဟာမျိုး​ကို ဖြစ်​စေတာကို မသင့်​လျော်ဘူး​လို့​ ထင်တယ်။” ပဒိုမန်း​ငြိမ်း​မောင်ဟာ တရုတ်နိုင်ငံကို ​ရောက်ရှိစဉ်မှာ ထိုင်း​နိုင်ငံကို ပြန်ဖို့​ ပြည်ဝင်ခွင့်​ အခက်အခဲ ဖြစ်ရာက​နေ အစပြုလို့​ မြန်မာအာဏာပိုင်လက်ထဲ အပ်ခံရပြီး​ ဖမ်း​ဆီး​ တရား​စွဲခံ​နေရတာပါ။ ပျိုရွယ်စဉ်ကာလကလည်း​ သူရဲ့​ နိုင်ငံ​ရေး​ လှုပ်ရှား​မှု​ကြောင့်​ ​ထောင်ဒဏ် တသက်တကျွန်း​ ကျခဲ့​ဖူး​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up