A d v e r t i s e m e n t With Us

စင်ကာပူ စီး​ပွား​ရေး​ကုမ္ပဏီများ​ မြန်မာပြည်တွင် အခွင့်​အလမ်း​ရှာ

မြန်မာပြည်မှာ လာ​ရောက်ရင်း​နှီး​မြှုပ်နှံဖို့​ ရည်ရွယ်ချက်နဲ့​ စင်ကာပူ စီး​ပွား​ရေး​ကုမ္ပဏီ ၇၀ ​ကျော်က ကိုယ်စား​လှယ်​တွေ ၁၀၀ ​ကျော် ပါဝင်တဲ့​ အဖွဲ့​ဟာ အစိုး​ရ ရုံး​စိုက်တဲ့​ ​နေပြည်​တော် ကို ​ရောက်​နေပါတယ်။ ခရီး​သွား​ဝန်​ဆောင်မှု ကုမ္ပဏီ၊​ ​ငွေ​ကြေး​စီမံခန့်​ခွဲမှုလုပ်ငန်း​၊​ ကုန်သွယ်​ရေး​၊​ စက်မှုလုပ်ငန်း​၊​ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​ထုတ်လုပ်မယ့်​ စွမ်း​အင်ကုမ္ပဏီ​တွေက ကိုယ်စား​လှယ်​တွေဟာ ဒီက​နေ့​ သမ္မတဦး​သိန်း​စိန်၊​ ဝန်ကြီး​ဌာန​တွေက အရာရှိ​တွေနဲ့​ သီး​ခြား​ ​တွေ့​ဆုံခဲ့​တယ်လို့​ သိရပါတယ်။ မနက်ပိုင်း​မှာ သမ္မတနဲ့​တွေ့​အပြီး​ ​နေ့​လယ်ပိုင်း​မှာ ​နေပြည်​တော် ကွန်ဗင်း​ရှင်း​စင်တာမှာ သက်ဆိုင်ရာ ဝန်ကြီး​ဌာန​တွေက စင်ကာပူကုမ္ပဏီ​တွေကို မြန်မာပြည်က စီး​ပွား​ရေး​ အခွင့်​အလမ်း​တွေကို ရှင်း​ပြတယ်လို့​ ဒီ​တွေ့​ဆုံပွဲကို စီစဉ်​ပေး​ခဲ့​တဲ့​ မြန်မာနိုင်ငံ ကုန်သည်များ​နှင့်​စက်မှုလက်မှု လုပ်ငန်း​ရှင်များ​ အသင်း​ချုပ် (UMFCCI)က အတွင်း​ရေး​မှူး​ ​ဒေါက်တာမျိုး​သက်က ​ပြောပါတယ်။ “အခုဖြစ်နိုင်တဲ့​ဟာ​တွေ​ပေါ့​၊​ ကျ​နော်တို့​လည်း​ ဒီမှာတင်ပြတယ်။ ကုန်သွယ်မှုနဲ့​ ပတ်သက်တာ၊​ ခရီး​သွား​လုပ်ငန်း​နဲ့​ ပတ်သက်တာ၊​ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​က ဘယ်လို၊​ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​က​တော့​ စွမ်း​အင်ဌာနက​ပေါ့​။ ​နောက်တခါ စက်မှုလုပ်ငန်း​တွေနဲ့​ ပတ်သက်တဲ့​ဟာကျ​တော့​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​မှာ လုပ်မယ့်​ စီမံကိန်း​တွေ ကဏ္ဍအလိုက်​တော့​ ကျယ်ကျယ်ပြန့်​ပြန့်​ ​ပြောသွား​တာ​ပေါ့​။ တ​နေကုန်ပဲ။” မြန်မာပြည်မှာ ရင်း​နှီး​မြှပ်နှံမှုအား​လုံး​ရဲ့​ ၇၀ ရာခိုင်နှုန်း​ကျော်ကို တရုတ်နဲ့​ ထိုင်း​ကုမ္ပဏီ​တွေက ရင်း​နှီး​မြှုပ်နှံထား​ကြပြီး​ စင်ကာပူက အ​မေရိကန်​ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံနဲ့​ စတုတ္ထအများ​ဆုံး​ ရင်း​နှီး​မြှုပ်နှံထား​တာ ဖြစ်ပါတယ်။ အာရှကုမ္ပဏီ​တွေဟာ အဓိကအား​ဖြင့်​ လျှပ်စစ်စွမ်း​အား​၊​ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​၊​ သတ္တုတူး​ဖော်​ရေး​ကဏ္ဍ​တွေမှာ ရင်း​နှီး​မြှုပ်နှံထား​ကြတာပါ။ ​ဒေါက်တာမျိုး​သက်က အခု ​နောက်ပိုင်း​ စီး​ပွား​ရေး​ပြုပြင်​ပြောင်း​လဲမှု​တွေ လုပ်လိုက်တဲ့​ကာလမှာ အလုပ်အကိုင် အခွင့်​အလမ်း​တွေ ဖန်တီး​ပေး​နိုင်မယ့်​ စီး​ပွား​ရေး​လုပ်ငန်း​တွေကို ဝင်လာ​စေချင်တယ်လို့​ ​ပြောပါတယ်။ “အဓိက ဦး​စား​ပေး​က​တော့​ အလုပ်အကိုင်နဲ့​ စက်မှုဇုန်​တွေ တည်​ထောင်​အောင်လုပ်ဖို့​ ကျ​နော်တို့​က ဖိတ်​ခေါ်တာ​ပေါ့​နော်။ ကျ​နော်တို့​ဆီမှာ လူ့​စွမ်း​အား​ အရင်း​အမြစ်က အများ​ကြီး​ ရှိတယ်​လေ။ စက်မှုလုပ်ငန်း​ကို အ​ခြေခံတဲ့​ ရင်း​နှီး​မြှုပ်နှံမှု​တွေလည်း​ မျှပြီး​ဝင်လာဖို့​ ကျ​နော်တို့​က​တော့​ ဖိတ်​ခေါ်တာ​ပေါ့​။ သူတို့​လာတဲ့​ သက်ဆိုင်ရာ မြှုပ်နှံမှု​ပေါ် မူတည်တာ​ပေါ့​။” ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က မြန်မာပြည်ကို စီး​ပွား​ရေး​အကြံ​ပေး​ဖို့​ လာ​ရောက်ခဲ့​တဲ့​ စီပွား​ရေး​ပညာရှင် ဂျိုး​ဇက်စတစ်ကလည်း​ ကဏ္ဍစုံလုပ်ကိုင်မယ့်​ စင်ကာပူ ကုမ္ပဏီစိတ်ဝင်စား​လာတာ မြန်မာပြည်အတွက် သတင်း​ကောင်း​ဖြစ်တယ်လို့​ ​ပြောပါတယ်။ စင်ကာပူက စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေရဲ့​ အဖွဲ့​ဟာ ​နောက်ထပ် သုံး​ရက် မြန်မာပြည်က စက်ရုံအလုပ်ရုံ​တွေ၊​ စီး​ပွား​ရေး​လုပ်ငန်း​တွေနဲ့​ စက်မှုဇုန်​တွေကို ​လေ့​လာဖို့​ ရှိတယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up