Home
မြန်မာသတင်း
နှစ် ၃၀ ကြာ ပိတ်ထားခဲ့သည့် အင်းစိန်ဂျီတီအိုင်ကျောင်း ပြန်လည်ဖွင့်လှစ်မည်
DVB
·
June 15, 2017
နှစ် ၃၀ နီးပါးပိတ်ထားခဲ့တဲ့ အစိုးရစက်မှုလက်မှုသိပ္ပွံ (အင်းစိန်) အသက်မွေးဝမ်းကြောင်း ပညာရပ် GTI ကို လာမယ့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အစိုးရသစ်လက်ထက်မှာ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ အစိုးရစက်မှုလက်မှုသိပ္ပွံ (အင်းစိန်) ကို ဂျာမဏီနိုင်ငံအစိုးရအကူအညီနဲ့ အကြီးစား ပြန်လည်မွန်းမံပြင်ဆင်ပြီး လာမယ့်စာသင်နှစ်အမီ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ နည်းပညာ သက်မွေးပညာနဲ့ လေ့ကျင့်ရေးဦးစီးဌာန ကပြောပါတယ်။ ဒီကျောင်းဟာဆိုရင် ၁၈၉၅ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၉၈၈ အရေးအခင်းဖြစ်ပွားချိန်မှာ ပိတ်ပစ်လိုက်ပြီး အခုအစိုးရသစ်လက်ထက်မှာ ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်အဆောက်အဦး တခုဖြစ်ပြီး ဂျာမဏီနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖွဲ့အစည်းကနေ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အဆောက်အဦး ပြန်လည်မွမ်းမံဖို့အတွက်နဲ့ ကုန်ကျမဲ့ငွေကြေးတွေကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒီကျောင်းကနေ သက်မွေးပညာ ဘာသာရပ် ငါးခုကို စတင်သင်ကြားပေးမှာဖြစ်ပြီး လုပ်ငန်းခွင်နဲ့ ကိုက်ညီမှုရှိတဲ့ လူငယ်တွေ မွေးထုတ်ပေးနိုင်ဖို့နဲ့ လုံလောက်တဲ့ ဝင်ငွေရရှိဖို့ နဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့အတွက် စက်ရုံအလုပ်ရုံတွေမှာ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ မြို့ပြအင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ် အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်ဆက်သွယ်ရေး အင်ဂျင်နီယာသင်တန်းနဲ့ သတင်းအချက် အင်ဂျင်နီယာ သင်တန်းဆိုပြီး တန်းခွဲငါးခုနဲ့ လာမဲ့ပညာသင်နှစ်က စတင်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024