လေဆင်နှာမောင်းကြီး တရုတ်နိုင်ငံက ကျေးရွာတရွာလုံးကို ဝင်မွှေဖျက်ဆီး (ရုပ်သံ)
Published By
DVB | 15 June, 2017
1.6K
0
Share
0
Comment
0
Likes
တရုတ်နိုင်ငံတောင်ပိုင်း ဖုကျင့်ခရိုင် ဂျာအန်းကောင်တီမှာ ဇွန်လ ၁၃ ရက်နေ့ မနက်က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်သွားပြီး လယ်ယာကိုင်းဥယျာဉ်တွေထဲက ကောက်ပဲသီးနှံစိုက်ခင်းတွေ ပျက်စီးသွားတယ်လို့ စီဂျီတီအဲန်သတင်းမှာ ရေးထားပါတယ်။
ဒေသခံရွာသားတွေ သူတို့ရဲ့ မိုဘိုင်းလ်ဖုန်းတွေနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံမြင်ကွင်းအရ လေဆင်နှာမောင်းက တရွာလုံးကို ရုတ်တရက် ဝင်ရောက်မွှေနှောက် တိုက်ခတ်သွားတာပါ။
“ကျနော် မုန်တိုင်းကိုမြင်လိုက်ရတယ်၊ အသံကြီးက အရမ်းကျယ်ပြီး ဒီဆူညံသံကြီးက မရပ်တော့မလိုဘဲ အရမ်းကြောက်စရာ ကောင်းလွန်းလို့ လွတ်ရာမှာ ကျနော်ပုန်းနေပြီး အပြင်ထွက်လျှောက်ဖို့ ကြောက်နေတာ၊ မုန်တိုင်းက ဟိုးကနေ ဒီကို ရွှေ့လာတယ်၊ ခေါင်းပေါ်မှာလည်း တိမ်မည်းတွေစုနေတာ တကယ် ကြောက်စရာကောင်းပါတယ်” လို့ တွေ့ကြုံခဲ့ရတဲ့ ရွာသားတဦးက ပြောပါတယ်။
တိုက်ခတ်သွားတဲ့ လေဆင်နှာမောင်းကြောင့် မြေ ၇ ဟက်တာ အကျယ်အဝန်းရှိ အပင်တွေ ပျက်စီးခဲ့ပြီး တချို့လိုင်ချီးပင်တွေလည်း အမြစ်က ကျွတ်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။
မီတာ ၁၀၀၀၀ အကျယ်အဝန်းရှိ အလုပ်ရုံတွေလည်း ပျက်စီးခဲ့ပေမယ့် လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။