DVB Logo
Home
မြန်မာသတင်း
လယ်သမား​က ​ဇေကမ္ဘာဦး​ခင်​ရွှေကို တရား​စွဲ​တော့​မည်
DVB
·
February 15, 2012
လယ်သမား​က ​ဇေကမ္ဘာဦး​ခင်​ရွှေကို တရား​စွဲ​တော့​မည်
Donate to DVB

ရန်ကုန်တိုင်း​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာ လယ်သမား​တွေက ​ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦး​ခင်​ရွှေကို နိုင်ငံ​တော် အခွင့်​အာဏာ အလွဲသုံး​စား​မှုနဲ့​ တရား​စွဲဆိုဖို့​ ပြင်ဆင်​နေပါတယ်။

ဇေကမ္ဘာ ကုမ္ပဏီက ​ရွှေနံ့​သာ​ကျေး​ရွာလယ်သမား​တွေရဲ့​ ​မြေ​တွေ​ပေါ်မှာ စက်မှုဇုန် အ​ကောင်အထည်​ဖော်​နေတာ ဖြစ်ပြီး​ လတ်တ​လောမှာ ရပ်နား​ထား​ပါတယ်။

လယ်​တွေသိမ်း​တုန်း​က အစိုး​ရသိမ်း​မှာမို့​လို့​ ​ဇေကမ္ဘာကုမ္ပဏီက ကြား​ဝင် ကရုဏာ​ကြေး​ ​ပေး​တယ်လို့​ ​ပြောပြီး​ တဧကကို သုံး​သိန်း​ပေး​လို့​ ဒီအ​ပြောကို လယ်သမား​တွေက ယုံကြည်ပြီး​ လယ်​တွေဆုံး​ခဲ့​ကြပါတယ်။ ဒါ​ပေမယ့်​ ​နောက်ပိုင်း​မှာ ​ဇေကမ္ဘာကုမ္ပဏီရဲ့​ လှည့်​ဖြား​တာခံရတယ်လို့​ လယ်သမား​တွေက ယူဆပြီး​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​ကို တိုင်လို့​ စိမံကိန်း​ကို ရပ်ခိုင်း​ထား​ပါတယ်။

အခု​တော့​ လယ်သမား​တွေက မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေကို ကိုယ်စား​လှယ်လွှဲပြီး​ ဦး​ခင်​ရွှေနဲ့​ ဦး​ဘိုကြီး​ဆိုသူကို တရား​စွဲခိုင်း​တယ်လို့​ ဦး​နေမျိုး​ဝေက ​ပြောပါတယ်။

“အ​ရောင်း​အဝယ်လည်း​ မရှိသလို လယ်သမား​တွေကို ​ငွေ​ပေး​တယ်ဆိုတာလည်း​ ဟုတ်တယ်။ ဒါ​ပေမယ့်​ အဲဒီမှာ အမှုအ​ကြောင်း​ကို ​ပေါ်​ပေါက်​အောင် လုပ်ထား​တာက ​တောင်သူလယ်သမား​တွေက မိမိတို့​လယ်ကို မလုပ်စား​ချင်​တော့​လို့​ တခြား​စီး​ပွား​ရေး​ လုပ်ငန်း​တွေကို ​ပြောင်း​လဲ လုပ်ကိုင်ချင်တဲ့​အတွက် ​ကျေး​ရွာ​မြေယာ​ကော်မတီကို သွား​ပြီး​တော့​ ​မြေအပ်နှံမယ် ဆိုတဲ့​ဟာကို လုပ်ထား​တယ်။ တကယ်က အဲဒီမှာ အရင်က ရယက အဖွဲ့​ဝင် ဦး​ဘိုကြီး​က ဓမ္မဝိဟာရ ဓမ္မာရုံကို အကြိမ်ကြိမ် ​ခေါ်​တွေ့​ပြီး​တော့​ ​တောင်သူလယ်သမား​တွေကို နိုင်ငံ​တော်က သိမ်း​ပြီဆိုတဲ့​အ​ကြောင်း​ အကြိမ်ကြိမ် ခြိမ်း​ခြောက် ​ပြောဆို​နေတာ။ အဲဒါနဲ့​ ဦး​ခင်​ရွှေ ကိုယ်တိုင်ကလည်း​ သူက နိုင်ငံ​တော်က သိမ်း​ပြီလို့​ လိမ်လည် လှည့်​ဖြား​ပြီး​ ​ပြောတာ။ အဲ​တော့​ ဦး​ဘိုကြီး​နဲ့​ ဦး​ခင်​ရွှေတို့​ကို ကျ​နော်တို့​က တရား​စွဲမှာပါ။ နိုင်ငံ​တော် အခွင့်​အာဏာကို အလွဲသုံး​စား​ လုပ်တဲ့​အမှုနဲ့​ တရား​စွဲမယ်။ ​ရှေ့​တပတ်ထဲမှာ ဖြစ်မယ်။ ”

တရား​စွဲပြီး​တဲ့​အခါ ​ဒေသခံ​တောင်သူ​တွေကို သီး​စား​ ပြန်လည်ချထား​ပေး​ဖို့​ ​ကျေး​ရွာ ​မြေယာ​ကော်မတီမှာ ​လျှောက်မယ်လို့​လည်း​ ဆိုပါတယ်။

“ရန်ကုန်တိုင်း​ ​ဒေသကြီး​အစိုး​ရအဖွဲ့​ ကိုယ်တိုင် စာထုတ်တာ ​ဇေကမ္ဘာကို လယ်ပဲစိုက်ခိုင်း​ထား​တာ။ ​ဇေကမ္ဘာကိုပဲ လယ်စိုက်ခိုင်း​တာကိုက ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရက မှား​နေပြီ။ ​နောက်ပြီး​ ဒီမှာရှိတဲ့​ ​ဒေသခံ​တောင်သူ​တွေကို သီး​စား​ပြန်ချထား​ပေး​ရမယ်။ ၁၉၅၃ ခုနှစ် လယ်ယာစိုက်ပျိုး​ရေး​ ဥပ​ဒေအရ၊​ ၁၉၆၂ ခုနှစ် သီး​စား​ချထား​ရေး​ ဥပ​ဒေအရ ​တောင်သူလယ်သမား​တွေက လယ်လုပ်ဖို့​ ဥပ​ဒေနဲ့​ ညီတယ်။ ဒါက​တော့​ ကျ​နော်တို့​က ဥပ​ဒေ​ကြောင်း​အရ ရင်ဆိုင်ရမှာပဲ။”

လယ် ၁၃ ဧက ပါသွား​တဲ့​ ​ဒေါ်တင်စိန်က သူတို့​ လှည့်​ဖြား​ခံခဲ့​ရတယ်လို့​ ​ပြောပါတယ်။

“လက်မှတ်ထိုး​ခိုင်း​တာက​တော့​ သူအတင်း​ထိုး​ခိုင်း​တာ။ နိုင်ငံ​တော် သိမ်း​တယ်ဆိုပြီး​ ​ပြောတယ်။ အမှန်က​တော့​ နိုင်ငံ​တော် မဟုတ်ရင် ​ရောင်း​ကို မ​ရောင်း​ဘူး​။ အဲ့​မှာ ဦး​ခင်​ရွှေက မ​ရောင်း​ရင်လည်း​ တပြား​မှ မရဘူး​။ နိုင်ငံ​တော်က သိမ်း​တယ်ဆိုပြီး​တော့​ ​ပြောတယ်။ မင်း​တို့​ တင်တဲ့​စာလည်း​ အမှိုက်ခြင်း​ထဲ ​ရောက်သွား​မယ်ဆို​တော့​ လယ်သမား​တွေက ​ကြောက်လန့်​ပြီး​ လက်ခံရတယ်။ ”

လယ်ဧက ၅၀ ပါသွား​တဲ့​ ဦး​ကျော်စိန်ကလည်း​ “အဲဒါဆိုရင် သူ​ဌေး​ ကျ​နော်တို့​ သား​သမီး​တွေက လယ်သမား​ဘဝနဲ့​ပဲ ပညာ​ရေး​၊​ စား​ဝတ်​နေ​ရေး​ လည်ပတ်​နေရတာ။ အခုလို အသိမ်း​ခံရမယ်ဆိုရင် ကျ​နော်တို့​ စာတင်မယ်လို့​ ​ပြော​တော့​ ဦး​ခင်​ရွှေက ခင်ဗျား​တို့​ စာတင်လည်း​ အမှိုက်ပုံး​ထဲပဲ ​ရောက်မယ်လို့​ ငြိမ်း​ခြောက်တဲ့​စကား​ ​ပြောတယ်”လို့​ ဆိုပါတယ်။

အစိုး​ရနဲ့​ နီး​စပ်တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်ကြီး​တွေကို တရား​စွဲဆိုတဲ့​ကိစ္စမှာ တရား​ရုံး​၊​ မီဒီယာ စသဖြင့်​ အချိန်ယူပြင်ဆင် ချိန်ဆ​နေတယ်လို့​ ​ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013