ထားဝယ်မြို့တွင် ဘုန်းကြီးကျောင်း မီးလောင်
DVB
·
June 15, 2017
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာရှိ ယွန်းဘုရား ဘုန်းတော်ကြီးကျောင်းအတွင်းက နှစ်ထပ် ကျောင်းဆောင် ၁ လုံး မနေ့မနက်က မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးက ဒီဗွီဘီကို ပြောပါတယ်။
မနေ့ နံနက် ၆ နာရီအချိန်မှာ မီးပလပ်ခုံ ရှော့ခ်ဖြစ်ရာမှ လောင်ကျွမ်းခဲ့ပြီး နှစ်ထပ် (၁၅၀- ၄၅) ပေရှိ ကျောင်းဆောင် ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးမှ မီးသတ်ဒုတိုင်းဦးစီးမှူး ဦးအောင်မြင့်ထွေးက ပြောပါတယ်။
မီးလောင်ရာသို့ ဦးအောင်မြင့်ထွေးပါ မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦး၊ အရန်မီးသတ် ၅၀ ဦး၊ မီးသတ်ယာဉ် ၆ စီးတို့၊ ကျေးရွာနေ ပြည်သူ အင်အား ၂၀၀ နဲ့ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။
ဇော်ဇော် (မြိတ်)
ဓာတ်ပုံ-ကနိုင်းဒါကျေးရွာ ပရဟိတအသင်း