Home
မြန်မာသတင်း
ဆင်းရဲချို့တဲ့သည့် ကျောင်းသား/သူများကို စာရေးကိရိယာများ လှူဒါန်း
DVB
·
June 15, 2017
edu5
edu4
edu3
edu2
edu1
edu
edu6
တနင်္သာရီမြစ်ကိုဖြတ်ပြီး ကျောင်းတက်နေရတဲ့ ဆင်းရဲချို့တဲ့ကလေးတွေကို မြိတ်ကိုယ်စားပြုအဖွဲ့က အသက်ကယ်အင်္ကျီ၊ အားကစားပစ္စည်းတချို့နဲ့ စာရေးကိရိယာတွေ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ မြိတ်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ဒေသခံတွေ စုပေါင်းလှူဒါန်းမှုအပေါ် မြိတ်ကိုယ်စားပြုအဖွဲ့က လိုက်လံလှူဒါန်းပေးခဲ့တာပါ။ “တနင်္သာရီမြစ်ကိုဖြတ်ပြီး ကျောင်းတက်နေရတဲ့ ကလေးတွေ၊ ဝေးလံတဲ့ ကျေးလက်က နွမ်းပါးတဲ့ ကလေးတွေအတွက် အဓိကထားလှူဒါန်ပေးတာဖြစ်တယ်။ မြစ်ကိုဖြတ်သန်းပြီး လောင်းလှေလေးနဲ့ ကျောင်းတက်နေတဲ့ ကလေးတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်အောင် အသက်ကယ်အင်္ကျီတွေ လှူဒါန်းပေးတာပါ။ ဝေးလံခေါင်ဖျားတဲ့ ကလေးတွေ အတွက် စာရေးကိရိယာတွေနဲ့ အားကစားပစ္စည်းတချို့ကို သွားရောက်လှူဒါန်းပေးတယ်” လို့ မြိတ်ကိုယ်စားပြုအဖွဲ့မှ ဦးတင်ကိုကိုဦးက ပြောပါတယ်။ မြိတ်ကိုယ်စားပြုအဖွဲ့အနေနဲ့ မြိတ်ခရိုင်တွင်းရှိ ကျောင်းသူ/သားတွေကို နှစ်ကြိမ်တိုင်တိုင် သွားရောက်လှူဒါန်းပေးခဲ့ပြီး ပစ္စည်းတန်ဖိုးငွေမှာ ကျပ်- ၃၁ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ မြိတ်ကိုယ်စားပြုအဖွဲ့က ၂၀၁၅- ၂၀၁၆ ခုနှစ်တွေကလည်း ရေးဘေးဒဏ်သင့်ခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးတွင်းမှာရှိတဲ့ ကျေးရွာ ၆၄ ရွာကို သွားရောက်လှူဒါန်းပြီးဖြစ်တယ်လို့ ဦးတင်ကိုကိုဦးက ပြောပါတယ်။ အခုနှစ်မှာ မြိတ်ခရိုင်တွင်းရှိ ဒေသတွေကို ရွေးချယ်ထားပြီး အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။ တနင်္သာရီမြစ်ကြောင်းတလျှောက်နဲ့ နယ်စပ်ဒေသတွေအပြင် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာလည်း ဆက်လက်လှူဒါန်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024