Home
မြန်မာသတင်း
တရားသူကြီးများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များခန့်အပ်ရန် လွှတ်တော်အတည်ပြု
နေဖြိုးဝင်း
·
June 14, 2017
  နိုင်ငံတော်သမ္မတခန့်အပ်ဖို့အဆိုပြုထားတဲ့  တရားသူကြီးတွေနဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ သမ္မတက အဆိုပြုတင်ပြထားတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ၄ ဦးနဲ့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂ ဦးကို ကန့်ကွက်လိုတဲ့ လွှတ်တော် ကိုယ်စားလှယ်ရှိရင် အမည်စာရင်းပေးသွင်းဖို့ကြေညာထားပေမယ့် ကန့်ကွက်သူမရှိတဲ့အတွက် အခုလို အတည်ပြု လိုက်တာဖြစ်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ၄ ဦးနဲ့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂ ဦးရဲ့အမည်စာရင်းကို ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ  တင်ပြခဲ့တာဖြစ်ပြီး ဒီကနေ့ အတည်ပြုပေးလိုက်တာပါ။ အဆိုပြုတင်ပြတဲ့ တရားသူကြီးလေးဦးမှာ ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည် တို့ ဖြစ်ကြပြီး  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂ ဦးကတော့  ဦးမြင့်နိုင်၊ ဦးသန်းဌေး တို့ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024