A d v e r t i s e m e n t With Us

တရုတ်တွင် ဟွားဝေမိုဘိုင်းဖုန်းက 5G နက်ဝပ် စမ်းသပ်မှုပြီးဆုံးဟု ပြော

တရုတ်နိုင်ငံရဲ့ မိုဘိုင်းဖုန်း ဟွားဝေ (Huawei) က သူတို့ရဲ့ 5G နက်ဝပ် နည်းပညာဆိုင်ရာ စမ်းသပ်မှုတွေ ပြီးဆုံးခဲ့ပြီလို့ ပြောပါတယ်။ ကမ္ဘာ့ထိပ်တန်း သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးကုမ္ပဏီကနေ အမြန်ဆုံး အင်တာနက်ဆက်သွယ်ရေးစနစ် 5G ကို ဘေဂျင်းမြို့ ဟွိုင်းရိုခရိုင်မှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ “5G စနစ်ကြောင့် စမတ်ဖုန်းတွေမှာ တစ်စက္ကန့်ကို ၇ ဂစ်ဂါဘိုက်နှုန်းနဲ့ အချက်အလက်တွေကို ပို့ဆောင်နိုင်ပါပြီ။ အခုဆိုရင် ကျနော်တို့ ဟွားဝေက နည်းပညာတော်တော်များများမှာ ကမ္ဘာ့အဆင့် ၁ နေရာကို ရောက်နေပြီး တခြားနည်းပညာတွေမှာလည်း ကျနော်တို့က ရှေ့ရောက်နေတာတွေ တော်တော်များများ ရှိပါတယ်” လို့ ဟွားဝေ 5G စနစ်ရဲ့ ဦးဆောင် သိပ္ပံပညာရှင်က ပြောပါတယ်။ ဒီအစီအစဉ်ကို တရုတ်နိုင်ငံရဲ့ IMT-2020 5G အဆင့်တိုးမြှင့်ရေးအဖွဲ့က ၂၀၁၃ ခုနှစ်ကနေစပြီး မိုဘိုင်းဖုန်းထုတ်လုပ်သူတွေ၊ မိုဘိုင်းကယ်ရီယာတွေ သုတေသန အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဟွားဝေက အဆင့်သုံးဆင့်ရှိတဲ့ စမ်းသပ်မှုမှာ ဒုတိယအဆင့် စမ်းသပ်မှုကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ 5G နက်ဝပ်ကို ၂၀၂၀ ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up