DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်တွင် နာမည်ကြီးနေသူ မတင်ညွှန့် ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ခံရ
DVB
·
June 14, 2017
ဖေ့စ်ဘွတ်ခ်တွင် နာမည်ကြီးနေသူ မတင်ညွှန့် ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ခံရ
Donate to DVB

 

ဖေ့်စ်ဘွတ်ခ်လောကမှာ နာမည်ကြီးနေတဲ့ မတင်ညွန့်ကို ကညွှတ်ကွင်းနယ်မြေရဲစခန်းက ဇွန် ၁၃ ရက်ညနေက  ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်လို့ ကညွှတ်ကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

မတင်ညွန့်ဆဲတာ မဖွယ်မရာပြုလုပ်ခံရတဲ့ နွားကျောင်းသားလေးက အမှုဖွင့်တာလို့  ကညွှတ်ကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတယောက်ကဒီဗွီဘီကို ပြောပါတယ်။

“ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် သပြေလဟာကျေးရွာ၊ သပြေလဟာ စားကျက်ထဲမှာ စပါးစိုက်ပျိုးထားသူတွေက စားကျက်အတွင်း နွားဝင်ကျောင်းသူတွေနဲ့ စကားများရာက အခုလို ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့တာပါ။ စားကျက်အတွင်း နွားဝင်ကျောင်းသူကို မတင်ညွန့် အပါအဝင် ၇ ဦးက ဆဲဆိုပြီး မဖွယ်မရာ လုပ်ပြခဲ့တာကို နွားကျောင်းတဲ့ ကိုဝင်းအေးက လာရောက်တိုင်ကြားတဲ့ အတွက် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတာပါ”

သပြေလဟာကျေးရွာနေ ကိုတင်ထွဋ်က "စားကျက်ထဲမှာ နွားဝင်ကျောင်းကြတာဗျ။ အဲဒီမှာ ကျူးကျော်ပြီး စပါးစိုက်ထားတဲ့ မတင်ညွန့်တို့အုပ်စုက နွားတွေကို လိုက်ရိုက်တယ်။ ပြီးတော့ ဆဲတယ်။ ပြီးတော့ Facebook ပေါ်မှာ တက်သလို လုပ်ပြတယ်ပေါ့ဗျာ။ အဲဒါကြောင့် စခန်းမှာ အမှုဖွင့်တာပါ" လို့  ပြောပါတယ်။

ဖြစ်စဉ်ကို ကညွှတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက (ပ)၁၅၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/ ၅၀၉/ ၁၁၄ တို့နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013