A d v e r t i s e m e n t With Us

တေး​ရေး​ညီသစ် ဘန်​ကောက်မြို့​တွင် ကွယ်လွန်

တေး​ရေး​နဲ့​ စာ​ရေး​ဆရာ ညီသစ် (ခ) ဝင်း​မျိုး​ကျော် အသက် ၄၂ နှစ်ဟာ ​ဖေ​ဖော်ဝါရီ ၁၅ ဗုဒ္ဓဟူး​နေ့​ မနက်က ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​မှာ ကွယ်လွန်သွား​ပါတယ်။ ပန်း​နာရင်ကျပ်​ရောဂါနဲ့​ အသက်ရှူရပ်ပြီး​ ​သေဆုံး​သွား​တာလို့​ ဘန်​ကောက်မြို့​မှာရှိတဲ့​ မာဘွန်က​ရောင်း​ ​ဆေး​ရုံက ​ပြောပါတယ်။ ကိုညီသစ်ဟာ ​လေး​ဖြူ၊​ ဝိုင်ဝိုင်း​၊​ ကြိုး​ကြာစတဲ့​ နာမည်ကြီး​ အဆို​တော်​တွေ သီဆိုခဲ့​တဲ့​ ​တေး​သီချင်း​တွေကို ​ရေး​သား​ခဲ့​သူဖြစ်ပြီး​ ​လေး​ဖြူသီဆိုတဲ့​ ပါဝါ​တေး​စီရီး​ထဲက မျက်ရည်များ​၏​နောက်ကွယ်၊​ အငြိုး​အင်အား​၊​ အလွမ်း​ရဲ့​ နတ်သမီး​၊​ လတစင်း​ကိုရူး​သွပ်သူ၊​ လပြည့်​ည စတဲ့​ သီချင်း​တွေ၊​ လူသိများ​ပါတယ်။ ဝိုင်ဝိုင်း​သီဆိုတဲ့​ “ကြိုး​မဲ့​စွန်” စီး​ရီး​ထဲက ​ရေဆန်လမ်း​၊​ “လမင်း​နဲ့​ပင်လယ်” စီး​ရီး​ထဲက - နှလုံး​သား​ရှာသူ - အချစ်မဲ့​နိဂုံး​ စတဲ့​သီချင်း​တွေ လူသိများ​ပါတယ်။ ၂၀၀၈ ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေ ပြည်လုံး​ကျွတ် ဆန္ဒမဲခံယူပွဲ ကာလ ကလည်း​ ကန့်​ကွက်မဲ​တွေ ​ပေး​ကြဖို့​လှုံ့​ဆော်ကြတဲ့​ VOTE NO ဆိုတဲ့​ သီချင်း​ကို ဖန်တီး​ဖြန့်​ချိခဲ့​ပါတယ်။ ဒါ့​အပြင် ဆင်း​ရဲ​သော​ဖေ​ဖေ ချမ်း​သာ​သော​ဖေ​ဖေ၊​ အချစ်ဆိုတဲ့​အရာ၊​ ဇနီး​တစ် ​ယောက် ချစ်ရာ​ရောက်​အောင်၊​ ကမ္ဘာ့​စကား​ပုံထဲက မိန်း​မသား​၊​ ခင်ဗျား​ဒိန်ခဲကို ကျွန်တာ်​နေရာ​ရွေ့​ခဲ့​တယ်နဲ့​ စိတ်ဓာတ် ခွန်အား​ကို ​ပေး​သောစာစုများ​ စတဲ့​ ဘာသာပြန် စာအုပ်​တော်များ​များ​ကိုလည်း​ ​ရေး​သား​ခဲ့​သူ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်က ထိုင်း​နိုင်ငံကို ​ရောက်ရှိလာတာဖြစ်ပြီး​ ပြည်ပအ​ခြေစိုက် မီဒီယာ​တွေဖြစ်တဲ့​ ​ခေတ်ပြိုင်ဂျာနယ်နဲ့​ ဒီဗွီဘီသတင်း​ဌာန​တွေမှာ တာဝန်ထမ်း​ခဲ့​ဖူး​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up