အမြင့်ဆုံးအဆောက်အဦတခုကို သိုင်းကြိုးမပါဘဲတက်ခဲ့သည့် ပြင်သစ် ပင့်ကူလူသား (ရုပ်သံ)
Published By
DVB | 14 June, 2017
746
0
Share
0
Comment
0
Likes
ပြင်သစ်ပင့်ကူလူသား အလန်ဟိုဘတ်ဟာ ဘာစီလိုနာမြို့ အမြင့်ဆုံး အဆောက်အဦထဲက တခုကို ဇွန်လ ၁၂ ရက်နေ့က သိုင်းကြိုးအကူအညီမပါဘဲ တက်ရောက်ခဲ့ပါတယ်။
ဘာစီလိုနာမြို့က စတုတ္ထမြောက် အမြင့်ဆုံးအဆောက်အဦကို အသက် ၅၅ နှစ်အရွယ် အလန်ဟိုဘတ် တက်ရောက်နေပုံကို လမ်းသွားလမ်းလာတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကြည့်ရှုခဲ့ကြပါတယ်။
မြို့ပြအဆောက်အဦတွေပေါ်တက်တဲ့ အလန်ဟိုဘတ်ဟာ လက်မှာ မြေဖြူတချို့နဲ့ အမြင့်တက်ရှူးဖိနပ်ကိုသာ စီးပြီး သိုင်းကြိုးအကူအညီမပါဘဲ တက်ရောက်တာမို့ နာမည်ကြီးပါတယ်။
ဆန်ဖရန်စစ္စကိုမြို့ ဂိုးလ်ဒင်းဂိတ်တံတား၊ ဒူဘိုင်းက ဘာဂ့်ကာလီဖာ အဆောက်အဦ၊ ပြင်သစ် အီဖယ်မျှော်စင်နဲ့ ဆစ်ဒနီ ကဇတ်ရုံ အပါအဝင် ကမ္ဘာအနှံ့က အဆောက်အဦ ၁၀၀ ကျော်တို့ကို ဟိုဘတ်ဟာ သိုင်းကြိုးအကူအညီမပါဘဲ အောင်မြင်စွာ တက်ရောက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။