ကင်ညာတွင် ၇ ထပ်အဆောက်အဦတလုံးပြိုကျ၊ လူ ၁၅ ဦး ပျောက်ဆုံးနေ

ဓာတ်ပုံ - ရိုက်တာ
ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီက လူနေရပ်ကွက်ထဲမှာ ၇ ထပ်အဆောက်အဦတလုံး ပြိုကျအပြီး လူ ၁၅ ဦး ပျောက်နေတယ်လို့ ကယ်ဆယ်ရေးဌာနက ဇွန်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။ "နိုင်ရိုဘီအရှေ့ဘက် ဆင်ခြေဖုံးမှာရှိတဲ့ အဆောက်အဦ ပြိုကျတာ ဖြစ်တယ်၊ မပြိုခင်က အဆောက်အဦထဲမှာ လူတွေကို ဖယ်ထုတ်ပြီးသား" လို့ ကင်ညာ ကြက်ခြေနီအသင်းက တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။ လူ ၁၅ ဦး ပျောက်နေတယ်လို့ စိန့်ဂျွန် လူနာတင်ယာဉ်အသင်းကလည်း ပြောပါတယ်။ အဆောက်အဦဟာ ဇွန်လ ၁၂ ရက်ညက ပြိုကျတာဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ၂ ခုလုံးက ပြောပါတယ်။ အရှေ့အာဖရိကနိုင်ငံ ကင်ညာမှာ အရင်ကလည်း အလားတူ ပြိုကျဖူးပါတယ်။ မနှစ် နှစ်လယ်က ညဘက် မိုးသည်းနေချိန် ဆင်းရဲသားရပ်ကွက်မှာ အဆောက်အဦတလုံး ပြိုကျလို့ လူ ၄၉ ဦး သေဆုံးခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up