A d v e r t i s e m e n t With Us

ငါးမျှားတံတွင် ဖမ်းမိသည့် ငါးခူကို လုယက်ကိုက်ခဲခဲ့သည့် မြွေ (ရုပ်သံ)

မြွေတွေရဲ့အစာအဖြစ် ငါးတွေကို စားသောက်ကြတာ တွေ့ဖူးကြမှာဖြစ်ပေမယ့် ခုလိုအဖြစ်အပျက်ကတော့ တော်တော့်ကို ထူးဆန်းနေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမြွေဟာ ငါးမျှားချိတ်မှာမိလာတဲ့ ငါးခူတကောင်ကို လုယက်စားသောက်ဖို့ ကြိုးစားခဲ့လို့ပါပဲ။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ်၊ ဟော့ခ်လေဒေသမှာ ဖြစ်ခဲ့တာပါ။ ငါးမျှားခဲ့သူဟာ ၁၀ နှစ်အရွယ် ကလေးတယောက်ဖြစ်ပြီး သူဟာ ငါးမျှားချိတ်ကနေတဆင့် ငါးကို ဖမ်းမိခဲ့ပြီး ဆွဲတင်လိုက်ချိန်မှာ ရေမြွေတကောင်က အဲဒီငါးကို လုယူကိုက်ခဲထားခဲ့တာ တွေ့လိုက်ရတာပါ။ သူဟာ မြွေကိုဖယ်ထုတ်ဖို့ ကြိုးစားချိန်မှာ ဘယ်လိုမှ မအောင်မြင်ခဲ့ဘဲ ဖြစ်နေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။ ကလေးငယ်ဟာ အဖိုးအဖွားတွေရှိတဲ့အိမ်ဆီ ပြေးသွားခဲ့ပြီး အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ဟာ ငါးခူကို ကိုက်ခဲထားတဲ့ မြွေကို ဘယ်လိုမှ မဖယ်ရှားနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီနောက်တော့ ကလေးငယ်ဟာ အဲဒီငါးခူကို ရေထဲပြန်လွှတ်လိုက်မယ်ဆိုရင် မြွေက ရေထဲမှာ အသက်မရှူနိုင်တဲ့အတွက် လွတ်မြောက်မယ်လို့ ယူဆပြီး ငါးမျှားချိတ်ကို ရေထဲပြန်ချခဲ့ပြီး မြွေကိုက်ခဲထားတာကနေ ပြုတ်တဲ့ထိ စောင့်ခဲ့တာပါ။ အဲဒီနောက်တော့မှ ငါးခူကို ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up