A d v e r t i s e m e n t With Us

တောင်ကိုရီးယား ယွန်းဆဲတက္ကသိုလ်တွင် ပေါက်ကွဲမှုဖြစ်၊ လုံခြုံရေးတင်းကျပ်

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားနိုင်ငံ ယွန်းဆဲတက္ကသိုလ်မှာ ဒီကနေ့ အထုပ်တထုပ်အတွင်းက ပေါက်ကွဲမှုဖြစ်အပြီး လုံခြုံရေး တင်းကျပ်ထားပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတဦးဟာ သူ့ရုံးခန်းတံခါးမှာ ထားခဲ့တဲ့ ဈေးဝယ်တဲ့အိတ်ထဲက ဘူးကို ယူပြီး ရုံးခန်းထဲ ဖွင့်ကြည့်ချိန်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် အထုပ်ကိုဖွင့်ကြည့်မိတဲ့ အဲဒီဝန်ထမ်း ဒဏ်ရာရတယ်လို့ ရဲနဲ့ မီးသတ်အရာရှိတွေက ပြောပေမယ့် သူ ဘယ်သူဘယ်ဝါဆိုတာတော့ မပြောပါဘူး။ ဒဏ်ရာမပြင်းထန်ပေမယ့် လည်ပင်းနဲ့ လက်ကောက်ဝတ်တွေ မီးလောင် ဒဏ်ရာရခဲ့တယ်လို့ ဆိုးလ်မြို့တော် ရဲတွေက ကြေညာချက် ထုတ်ပြန်ပါတယ်။ သူ့ကို ယွန်ဆဲတက္ကသိုလ်ဆေးရုံမှာ တင်ပို့ကုသထားပါတယ်။ ဘူးထဲက ဖျော်ရည်ခွက်ထဲမှာ သံချောင်းတွေနဲ့ ဖြည့်ထည့်ထားလို့ လက်နက်အကြမ်းထည်အဖြစ် သတ်မှတ်တယ်လို့ ရဲက ပြောပါတယ်။ ဘယ်သူက ဒီအထုပ်ကိုချသွားတယ်၊ ဘာရည်ရွယ်ချက် ဖြစ်နိုင်တယ်ဆိုတာ ဆုံးဖြတ်ဖို့ လုံခြုံရေး ကင်မရာတွေကို စစ်ဆေးနေတယ်လို့ ကြေညာချက်က ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up