အလုပ်သမားခေါင်းက ပန်းရန် မိန်းကလေးကို အဓမ္မပြုကျင့်
DVB
·
June 13, 2017
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြည်ညောင်ရွာမှာ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အလုပ်သမားခေါင်းက ပန်းရန်အလုပ်လုပ်တဲ့ မိန်းကလေးကို အဓမ္မပြုကျင့်မှု ဖြစ်ခဲ့တယ်လို့ ယင်းမာပင်ရွာ ရဲစခန်းက ပြောပါတယ်။
ယင်းမာပင်ရွာ စခန်းမှူး ရဲအုပ်တင်ထွန်းနိုင်က “ညနေ ၅ နာရီ အလုပ်သိမ်းတယ်။ အလုပ်လုပ်ရာ အသုံးပြုတဲ့ ပစ္စည်းတွေကို လုပ်သားခေါင်း ကိုဝင်းနိုင်အိမ်မှာ သိမ်းရတယ်။ ဇွန်လ ၁၁ ရက်နေ့ ညနေမှာ နောက်ဆုံးမှ ပစ္စည်းလာထားတဲ့ မမာဦးကို လုပ်သာခေါင်းက အိပ်ခန်းထဲ ဆွဲခေါ်ပြီး အဓမ္မ ၁ ကြိမ် ပြုကျင့်ခဲ့တယ်လို့ အိမ်ရောက်တော့ အဘွားကို ပြောပြပြီး ဒီနေ့မှ အမှုလာဖွင့်တယ်” လို့ ပြောပါတယ်။
အဲဒီမိန်ကလေးက တရားလို လုပ်ပြီး အမှုလာဖွင့်တယ်လို့ ယင်းမာပင်ရွာ ရဲစခန်းက ပြောပါတယ်။
သာစည်မြို့နယ် ယင်းမာပင်ရွာ ရဲစခန်းမှာ အမှုအမှတ် (ပ)၂၈/၂၀၁၇ အလိုမတူဘဲ အဓမ္မပြုကျင့်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီး အမှုဖွင့် အရေးယူထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)