Home
မြန်မာသတင်း
သူရဦးတင်ဦး ကျန်းမာရေးအခြေအနေတိုးတက်လာ၊ မကြာခင်ဆေးရုံကဆင်းနိုင်မည်
စိုးမိုးအောင်
·
June 13, 2017
  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေဟာ အားရကျေနပ်လောက်အောင် တိုးတက်ကောင်းမွန်လာပြီး အစာပျော့ပျော့တွေကို စားနိုင်နေပြီလို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောပါတယ်။ ဦးတင်ဦးကို ရန်ကုန်ဆေးရုံကြီးက အထူးကုဆရာဝန် ၁၅ ဦး ပါဝင်တဲ့အဖွဲ့ကနေ ကုသပေးနေတာပါ။ ဦးတင်ဦး ကျန်းမာရေးကောင်းမွန်လာဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇွန်လ ၃ ရက်နေ့မှာ ပြည်သူ့ဆေးရုံကြီးကို လာရောက်ခဲ့ပြီး၊ ဦးတင်ဦးအတွက် လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ပေးဖို့ ဆရာဝန်ကြီးတွေကို မှာကြားခဲ့ပါတယ်။ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ အရင်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးဟာ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးကို မေလ ၁၈ ရက်နေ့ကစပြီး တက်ရောက်ကုသနေတာပါ။ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတာကြောင့် ဇွန်လလယ်မှာ ဆေးရုံက ဆင်းနိုင်မယ်လို့ ဆေးရုံအုပ်ကြီးက ပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024