နစ်မြုပ်ရွက်လှေကို ကယ်တင်ခဲ့သည့် ဂျက်ဘုတ်စီးလူစွန့်စား (ရုပ်သံ)
Published By
DVB | 13 June, 2017
540
0
Share
0
Comment
0
Likes
အမေရိကန်နိုင်ငံမှာ နစ်မြုပ်နေတဲ့ ရွက်လှေတစင်းကို ထူမတ်ကယ်တင်ခဲ့တဲ့ ဂျက်ဘုတ်စီး လူစွန့်စားတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဆန်ဒီယေးဂိုးမြို့၊ မင်ရှင်ဘေး အားကစားစင်တာတွင်းမှာ ဖြစ်ခဲ့တာပါ။
နစ်မြုပ်နေတဲ့ ရွက်လှေပေါ်မှ အဖွဲ့သားတွေဟာ အကူအညီတောင်းခံခဲ့ကြချိန်မှာ အဲဒီ ဂျက်ဘုတ်စီး အမျိုးသားက အံ့ဖွယ်စွမ်းရည်ပြ ကယ်တင်ခဲ့တာကို တွေ့ကြရမှာပါ။
သူဟာ ရေထဲမှာနစ်မြုပ်နေတဲ့ ရွက်တွေကို မတင်ကာ ရွက်လှေကို နဂိုအတိုင်းဖြစ်အောင် တည့်မတ်ပေးနိုင်ခဲ့တာဟာ တကယ့်ကို အံ့သြစရာပါပဲ။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ယူကျုအင်တာနက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုသူ ၈ သိန်း ၇ သောင်း ၆ ထောင်ကျော် ရှိခဲ့တာပါ။
မျက်မြင်တွေ့ရှိသူတွေဟာ ခုလို ကယ်ဆယ်နိုင်ခဲ့မှုအပေါ် အံ့အားတသင့်နဲ့ အော်ဟစ်အားပေးခဲ့ကြတာဖြစ်ပြီး သူ့ကို တကယ့်သူရဲကောင်းတဦးလို ချီးကျူးခဲ့ကြပါတယ်။