A d v e r t i s e m e n t With Us

အမျိုးသားတဦး ပလပ်စတစ်ကြိုးဖြင့် ဆွဲကြိုးချသေဆုံး

  တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကန်ဖျားရပ်ကွက် ထုံးဖိုလမ်းမှာ ဇွန်လ ၁၂ ရက်နေ့က အမျိုးသားတဦး ပလပ်စတစ် တိပ်ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရပါတယ်။ သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် ဦးအောင်မျိုးမြတ် ဖြစ်ပြီး ကန်ဖျားရပ်ကွက် ထုံးဖိုလမ်းရှိ ဦးဝေလင်းခြံအတွင်း ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ဆွဲကြိုးချသေဆုံးခဲ့တာပါ။ အဆိုပါ ပလပ်စတစ် တိတ်ပြားကြိုးဖြင့် ဆွဲကြိုးချ သေဆုံးမှုနဲ့ပတ်သက်ပြီး မြိတ်မြို့ ရဲစခန်းရုံးမှ သေမှုသေခင်းအဖြစ် အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။ သတင်း - ဇော်ဇော် (မြိတ်)

A d v e r t i s e m e n t With Us

More News
Up