လှည်းကူးကျူးကျော်များကို လျော်ကြေးပေးမည်မဟုတ်ဟု အိုးအိမ်ဌာနအရာရှိပြော
အာကာ
·
June 12, 2017
လှည်းကူးမြို့နယ်က ဖယ်ရှားခံရတဲ့ ကျူးကျော်တွေကို နေရာအစား၊ ဝယ်ထားတဲ့ အိမ်တန်ဖိုးတွေ ပြန်ပေးဖို့ အစီစဉ်မရှိဘူးလို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးယုခိုင်က ပြောပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်း ၃ မိုင်နဲ့ ၅ မိုင်ကြားက ကျုးကျော်တွေကို ဒီနေ့ ဇွန် ၁၂ ရက်မနက်က ကစပြီး ဖယ်ရှားနေတာပါ။
ညွန်ကြားရေးမှူး ဦးယုခိုင်က “နေရာအစား၊ နေအိမ်ဝယ်ထားတဲ့ ကုန်ကျစရိတ် ဘာမှပြန်ပေးဖို့ မရှိပါဘူး။ လွန်ခဲ့တဲ့ ၆ လလောက်ထဲက ဒီနေရာမှာ ကျနော် ခေါ်တွေ့ပြီး ပြောထားတယ်။ ဖယ်ပေးဖို့။ အခုလည်း စာတွေ ကြိုပို့ထားသလို ဒီမနက်လည်း ၆ နာရီကတည်းက ပြင်ဆင်ထားတာ ၉ နာရီထိ သူတို့ကို စောင့်ပေးပါတယ်။ ရွှေ့ချင်ရင် ရွှေ့လို့ရအောင်။ အဲဒီအတွက် ဘာမှ ပြန်ပေးဖို့မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကျုးကျော်တွေဟာ ဒီနေရာ မြေကွက်တွေကို ပေအလိုက် အနည်းဆုံး ကျပ် ၃ သိန်းကနေ ကျပ် ၁၀ ကျော်ထိ ပေးဝယ်ထားရတာ ဖြစ်ပါတယ်။
ဖယ်ရှားခံရတဲ့ ကျုးကျော်တွေဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကောက်ယူတဲ့ ကျူးကျော်စာရင်းမှာလည်း မပါဝင်ပါဘူး။