Home
မြန်မာသတင်း
သာစည်တွင် ထော်လာဂျီနှင့်ဆိုင်ကယ်တိုက်၊ ၁ ဦး သေဆုံး
DVB
·
June 12, 2017
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ဘုရားငါးဆူ ပျော်ဘွယ်လမ်း မိုင်တိုင် ၁၆/၄ နဲ့ ၅ အကြားမှာ ဇွန် ၁၁ ရက် မနက် ၁၀ နာရီလောက်က ထော်လာဂျီနဲ့ ဆိုင်ကယ်တို့ တိုက်မိတာကြောင့် လူ ၁ ဦး သေဆုံးတယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။ ဇင်မျိုးချစ်စီးလာတဲ့ ဆိုင်ကယ်နဲ့ နေထွန်းမောင် မောင်းလာတဲ့ ထော်လာဂျီတို့ လမ်းအလယ်မှာ မျက်နှာချင်းဆိုင် တိုက်မိပြီး ဇင်မျိုးချစ် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာလို့ ဒုရဲအုပ်မောင်မောင်ဝင်းက ပြောပါတယ်။ "ဇင်မျိုးချစ် ညာဘက်ဦးခေါင်း နောက်စေ့ ချိုင့်ဝင်သွားတယ်။ ဘယ်ဘက်ပါး နဖူး ပွန်းပဲ့တယ်။ နှာခေါင်းနဲ့ ပါးစပ်က သွေးထွက် ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်။" ဘုရားငါးဆူနေ ကိုထွန်းထွန်းက "လမ်းအလယ်မှာ ဆိုင်ကယ်နဲ့ ထော်လာဂျီ ပွတ်တိုက်မိပြီး ထော်လာဂျီ ရဲ့ ဘယ်ဘက်နောက်ဘီးကို ဆိုင်ကယ်က ထပ်တိုက်မိတယ်။ လူနဲ့ထော်လာဂျီ ဆောင့်မိပြီး လမ်းပေါ်ပစ်ကျသွားတယ်" လို့ ပြောပါတယ်။ သာစည်မြို့မ ရဲစခန်းက ဇင်မျိုးချစ် နဲ့ နေထွန်းမောင်တို့ကို ယာဉ်မဆင်မခြင် မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024