ပျက်ကျလေယာဉ်မှ အလောင်း ၃ လောင်း ထပ်မံဆယ်ယူရရှိ
DVB
·
June 12, 2017
ပျက်ကျ Y-8 လေယာဉ်မှ အလောင်း ၃ လောင်း ဒီနေ့မနက်ပိုင်းက ထပ်မံဆယ်ယူရရှိခဲ့ပြီး စုစုပေါင်း ၆၂ လောင်းရှိပြီလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၈ နာရီ ၄၀ မိနစ်မှာ လောင်းလုံကျွန်းအနီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ တပ်မတော်စစ်ရေယာဉ် နှစ်စီးက အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၁ လောင်း၊ ကျား/မ မခွဲခြားနိုင်တဲ့ရုပ်အလောင်း ၁ လောင်း စုစုပေါင်းရုပ်အလောင်း ၃ လောင်းအား ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။