A d v e r t i s e m e n t With Us

ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးများအတွက် တရုတ်နိုင်ငံ၏ ပထမဦးဆုံး သီးသန့်ရထား

တရုတ်နိုင်ငံ ဂျက်ဂျီရန်ခရိုင် ဟန်ဂျိုးဆိပ်ကမ်းမြို့မှာ မိခင်တွေ၊ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေကိုသာ တင်ဆောင်မယ့် သီးသန့်ရထားတွေနဲ့ အီလက်ထရောနစ် မြေအောက်ရထားလမ်းတွေမှာ ပြေးဆွဲနေပြီဖြစ်ပြီး ရထားတွေက ချစ်စရာကောင်းနေတယ်လို့ စီဂျီတီအဲန်သတင်းမှာ ဇွန်လ ၁၁ ရက်နေ့က ရေးထားပါတယ်။ သီးသန့်တင်ဆောင်မယ် မြေအောက်ရထားက ကလေးငယ်တွေပါတဲ့ မိဘတွေ ကိုယ်ဝန်ဆောင်တွေအတွက်သာ ပထမဦးဆုံး တီထွင်လိုက်တဲ့ မြေအောက်ရထားဖြစ်ပြီး အရောင်တောက်တောက်တွေ၊ ကာတွန်းဇာတ်ကောင်တွေနဲ့ အရောင်ခြယ် ရေးဆွဲထားပါတယ်။ ကလေးမပါတဲ့ ဘယ်လူကြီးမဆို တက်ရောက် စီးနင်းခွင့် မရှိဘူးလို့ သိရပါတယ်။ သီးသန့်ရထားကို ဟန်ဂျိုးမြို့က မြေအောက်လိုင်းဝမ်း (Subway Line One) ရထားကုမ္ပဏီက ဇွန်လ တလလုံး ပြေးဆွဲမယ်လို့ သိရပါတယ်။ ဒီလိုသီးသန့်ရထားပြေးဆွဲပေးတဲ့ စိတ်ကူးက ခရီးသွားတဲ့အခါ ကလေးတွေနဲ့ မိခင်တွေကို အန္တရာယ် ကင်းရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်စေချင်တာကြောင့်လို့ ဆိုထားပါတယ်။  

A d v e r t i s e m e n t With Us

More News
Up