A d v e r t i s e m e n t With Us

ကားတစီး အရှိန်မထိန်းနိုင်ဘဲ ပျံတက်လာပြီး ခရီးသွားဧည့်သည်တင်ကားကို ဝင်တိုက် (ရုပ်သံ)

  ဇွန်လ ၁၀ ရက်၊ ၂၀၁၇ ခုနှစ် ဂျပန်နိုင်ငံ တိုမီအဝေးပြေးလမ်းပေါ် မောင်းနှင်လာတဲ့ ကားတစီးဟာ အရှိန်မထိန်းနိုင်ဘဲ တန်းတွေကို တိုက်မိပြီး လေပေါ် ပျံတက်လာကာ တဖက်လမ်းပေါ်က ခရီးသည်ကားကို ဝင်တိုက်ခဲ့ပါတယ်။ ဇွန် ၁၀ ရက်နေ့ မနက် ၇ နာရီခွဲလောက်က မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ဒီကားတိုက်မှုဖြစ်စဉ် ရုပ်သံဖိုင်ထဲမှာတော့ အရှိန်မထိန်းနိုင်ဘဲ ပျံတက်လာတဲ့ ကားက တဖက်လမ်းမှာ ရှိနေတဲ့ ခရီးသွားဧည့်သည်တင်ကားကို ထိတ်လန့်ဖွယ် တိုက်မိခဲ့တာ တွေ့မှာပါ။ အခင်းဖြစ်ရာနေရာမှာပဲ ကားမောင်းလာသူ အမျိုးသား သေဆုံးသွားသလို ခရီးသည်တင် ဘတ်စ်ကားပေါ်က လူ ၂၀ ကျော်လည်း အသေးစား ဒဏ်ရာတွေ ရရှိတယ်လို့ The Mainichi သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကားတိုက်မှုအပြီး လမ်းပိတ်ထားတာကိုလည်း ရုပ်သံထဲမှာ မြင်ရပါတယ်။ ဘတ်စ်ကားရဲ့ အရှေ့ဘက်ကနေ ဝင်တိုက်တဲ့ကားက ညပ်နေတာလည်း တွေ့ရပြီး ကားလမ်းပေါ်မှာ ကားမှန်ကွဲစတွေနဲ့လည်း ပြန့်ကျဲနေပါတယ်။ ခရီးသွားသည်တင် ဘတ်စ်ကားကြီးက ချယ်ရီသီးခူးဖို့နဲ့ အရက်ချက်စက်ရုံမှာ ဝီစကီ မြည်းဖို့ ယာမာနာရှီဒေသဘက် တရက်ခရီး လည်ပတ်ဖို့ ဧည့်သည် ၄၀ ကျော်ကို တင်ဆောင်မောင်းနှင်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ရေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up