DVB Logo
Home
မေးမြန်းခန်း
ကာကွယ်​ရေး​တာဝန်ပဲ ထမ်း​ဆောင်တဲ့​ တပ်မ​တော် ဖြစ်လာနိုင်မယ်
DVB
·
February 13, 2012
ကာကွယ်​ရေး​တာဝန်ပဲ ထမ်း​ဆောင်တဲ့​ တပ်မ​တော် ဖြစ်လာနိုင်မယ်
Donate to DVB

တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို တနှစ်ပြည့်​ပြီး​တဲ့​ ​နောက်မှာ နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်က​နေ ​ဖေ​ဖော်ဝါရီ ၃ ရက်​နေ့​ နိုင်ငံ​တော်ပြန်တမ်း​ ထုတ်ပြန်ပြီး​ ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် အတည်ပြု ပြန်လည်ခန့်​အပ်လိုက်ပါတယ်။

[caption id="attachment_21159" align="alignright" width="300" caption="ဦးဌေးအောင်​ (photo - dvb)"][/caption]

တနှစ်အတွင်း​မှာ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ မြန်မာတပ်မ​တော်ကို ဘာ​တွေ လုပ်​ဆောင်နိုင်ခဲ့​သလဲ ဆိုတဲ့​အမြင်နဲ့​ ပတ်သက်ပြီး​ ဒီဗွီဘီ သတင်း​ထောက် ကိုမင်း​လွင်က ပြည်ပအ​ခြေစိုက် ဒီမိုက​ရေစီနဲ့​ဖွံဖြိုး​တိုး​တက်​ရေး​အင်အား​စုမှ ဦး​ဌေး​အောင်ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်အ​နေနဲ့​ တပ်မ​တော်အ​ပေါ် ဘာ​တွေလုပ်​ဆောင်ခဲ့​လဲ။

“ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်အ​နေနဲ့​ သူကာကွယ်​ရေး​ ဦး​စီး​ချုပ်တာဝန် ထမ်း​ဆောင်​နေတဲ့​ သက်တမ်း​မှာ သူအ​နေနဲ့​ ပြည်တွင်း​စစ် ပြန်ပြီး​တော့​ ရင်ဆိုင်လာရတာ ရှိတယ်။ အထူး​သဖြင့်​ ဗမာ့​တပ်မ​တော်အ​နေနဲ့​ ​နောက်ပိုင်း​မှာရှိတဲ့​ ​ကေအိုင်အိုနဲ့​ တိုက်ပွဲ​တွေမှာ အပြင်း​အထန် ဖြစ်ပွား​ပြီး​တော့​ အကျအဆုံး​တွေ များ​ခဲ့​တဲ့​ အ​နေအထား​တွေလည်း​ ရှိတယ်။ အဲဒါ​ကြောင့်​ ဒီသမ္မတက အပစ်အခတ် ရပ်စဲဖို့​ အမိန့်​ပေး​တာ​တောင်မှ မလိုက်နာဘဲနဲ့​ အခုထိ စစ်ဆင်​ရေး​တွေ နွှဲ​နေတဲ့​ အ​နေအထား​မျိုး​တွေရှိတယ်။ ​နောက်တချက်က ပြန်ကြည့်​မယ်ဆိုရင် အ​မေရိကန် ပြည်​ထောင်စုအ​နေနဲ့​ သမ္မတဦး​သိန်း​စိန် အစိုး​ရနဲ့​ ဆက်ဆံ​ရေး​တွေ ပြန်ပြီး​တော့​ ​ပြေလည်လာတဲ့​အ​ပေါ်မှာ တပ်မ​တော်ကိုလည်း​ ချဉ်း​ကပ်လာတဲ့​ပုံမျိုး​၊​ ကမ်း​လှမ်း​လာတဲ့​ ပုံစံမျိုး​ရှိတယ်။ အ​မေရိကန်ရဲ့​ အထူး​ကိုယ်စား​လှယ် ဒဲရစ်မီရှယ်က​နေ ကာကွယ်​ရေး​ဦး​စီး​ချုပ်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တဲ့​ သာဓက​တွေလည်း​ ရှိတယ်။ ​နောက်တခုက ကာကွယ်​ရေး​ဦး​စီး​ချုပ် မင်း​အောင်လှိုင်အ​နေနဲ့​ ထိုင်း​ဝန်ကြီး​ချုပ်နဲ့​ ​တွေ့​ဆုံတဲ့​ ​နေရာမှာ နိုင်ငံတကာအ​နေနဲ့​ သံသယရှိ​စေတဲ့​ တပ်မ​တော်အ​နေနဲ့​ ဒီမိုက​ရေစီ ပြုပြင်​ပြောင်း​လဲ​ရေး​က​နေ ​နောက်​ကြောင်း​ပြန်လှည့်​သွား​မလား​ ဆိုတဲ့​ စိုး​ရိမ်ချက်​တွေအ​ပေါ်မှာ သူ့​အ​နေနဲ့​ ​နောက်​ကြောင်း​ပြန်လှည့်​သွား​စရာ မရှိပါဘူး​ဆိုတဲ့​ ကတိပြု ​ပြောကြား​သွား​တာမျိုး​ကို ကျ​နော်တို့​အ​နေနဲ့​ ထူး​ခြား​ချက်အ​နေနဲ့​ ​တွေ့​ရတယ်။”

ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို လူပုဂ္ဂိုလ်တ​ယောက်အ​နေနဲ့​ ဘယ်လိုလူစား​မျိုး​လို့​ သုံး​သပ်​ပြောဆိုလို့​ ရမလဲ။

“တခု​တော့​ရှိပါတယ်။ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်အ​နေနဲ့​ပဲ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေကိုယ်တိုင်က စိတ်ကြိုက်​ရွေး​ချယ် တာဝန်​ပေး​ခဲ့​တာပဲ​လေ။ အဲဒီ​တော့​ ဘာပဲဖြစ်ဖြစ် ​ယေဘုယျ ​ပြောမယ်ဆိုရင်​တော့​ သူ့​အ​နေနဲ့​က​တော့​ အထက်က​ပေး​တဲ့​ အမိန့်​၊​ အထူး​သဖြင့်​ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေရဲ့​ ဩဇာသက်​ရောက်မှုက ပိုများ​နေတယ်လို့​ ကျ​နော်တို့​ ​ပြောလို့​ရနိုင်ပါတယ်။”

ကျ​နော်တို့​တွေ ကြား​သိရသ​လောက် ဥပမာ သံတမန် အသိုင်း​အဝိုင်း​က​နေ သတင်း​တွေ ထွက်​နေတဲ့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ စစ်တပ်ကို professional army မျိုး​ ဖြစ်​စေချင်တယ်လို့​ အ​မေရိကန် ကိုယ်စား​လှယ်​တွေကို သူ​တွေ့​ဆုံတဲ့​အခါမှာ ​ပြောပြတယ်ဆိုပြီး​တော့​၊​ ဦး​ဌေး​အောင်တို့​ အ​နေနဲ့​ ဘယ်လို သုံး​သပ်ပါသလဲ။

“ဟုတ်ပါတယ်။ ဒါက​တော့​ နဝတ၊​ နအဖ သူတို့​ အာဏာ စသိမ်း​ကတည်း​က တပ်မ​တော်ကို ​ခေတ်မီပြီး​ အင်အား​တောင့်​တင်း​တဲ့​ တပ်မ​တော်ဖြစ်​အောင် တည်​ဆောက်မယ်ဆိုပြီး​ သူတို့​စီမံချက်​တွေ ချပြီး​ လုပ်ခဲ့​တာပဲ​လေ။ ဒါ​ပေမယ့်​လည်း​ အ​နောက်နိုင်ငံ​တွေက ပိတ်ဆို့​အ​ရေး​ယူမှု​တွေ လုပ်ထား​တဲ့​ အ​နေအထား​မှာ သူတို့​ စိတ်ကြိုက် တပ်မ​တော်ကို အစွမ်း​ထက်မြက်​အောင် မလုပ်နိုင်ခဲ့​ဘူး​။ သူတို့​ အ​နေနဲ့​ မလွှဲသာ မဖြစ်သာ တရုတ်နိုင်ငံလို၊​ ​မြောက်ကိုရီး​ယား​လို နိုင်ငံမျိုး​နဲ့​ ဆက်ဆံခဲ့​ရတယ်။ အဲဒီ နိုင်ငံ​တွေက​နေပြီး​ ​ဈေး​ပေါ​ပေါနဲ့​ ​ရောင်း​ချတဲ့​ လက်နက်ပစ္စည်း​တွေကို ဝယ်ယူသုံး​စွဲခဲ့​ရတာမျိုး​ ရှိတယ်။ အဲဒီ အ​နေအထား​နဲ့​ ကြည့်​မယ်ဆိုရင် မြန်မာနိုင်ငံအ​နေနဲ့​ လူအင်အား​အရ များ​ပေမယ့်​ စစ်​ရေး​စွမ်း​ရည်မှာ​တော့​ အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံကို လိုက်မမီတဲ့​ သ​ဘော ရှိတယ်​လေ။ ဒီ​တော့​ အ​မေရိကန်နဲ့​ ဦး​သိန်း​စိန်အစိုး​ရ ဆက်ဆံ​ရေး​ ပြန်​ကောင်း​လာတဲ့​ အ​ပေါ်မှာ မြန်မာတပ်မ​တော်ကိုလည်း​ပဲ အ​မေရိကန်တပ်မ​တော်က ကမ်း​လှမ်း​လာတဲ့​ အ​နေအထား​တွေ ရှိတယ်။ မကြာ​သေး​ခင်ကပဲ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် ထိုင်း​နိုင်ငံကို သွား​ပြီး​ ထိုင်း​မှာ အ​မေရိကန်က နှစ်စဉ် စစ်​ရေး​လေ့​ကျင့်​မှု​တွေမှာ မြန်မာ့​တပ်မ​တော်အ​နေနဲ့​လည်း​ ပါဝင်ဖို့​ သူတို့​ကမ်း​လှမ်း​လာတဲ့​ အ​နေအထား​မျိုး​ စုံစမ်း​နေတဲ့​ အ​နေအထား​မျိုး​ ရှိတာကို ကျ​နော်တို့​ ​တွေ့​ရတာ ရှိတယ်။

“​နောက်တခုကလည်း​ အစဉ်အဆက်ကို ဦး​နေဝင်း​လက်ထက်ကတည်း​က ကြည့်​မယ်ဆိုရင် မြန်မာ့​တပ်မ​တော်အ​နေနဲ့​ အ​မေရိကန်မှာ စစ်ဦး​စီး​ သင်တန်း​တွေ သွား​တက်တာမျိုး​၊​ ​နောက်တခုက မြန်မာ​ထောက်လှမ်း​ရေး​ အ​နေနဲ့​လည်း​ အ​မေရိကန် စီအိုင်​အေမှာ သွား​ပြီး​ သင်ကြား​တာမျိုး​တွေ ရှိတယ်။ အခုလည်း​ပဲ အ​မေရိကန် စီအိုင်​အေ ညွန်ချုပ်ကိုယ်တိုင် မြန်မာပြည်ကိုလာဖို့​ ပြင်ဆင်​နေတယ်လို့​ ကြား​ရတယ် ဆို​တော့​ ​ရေရှည်မှာ​တော့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်အ​နေနဲ့​ သူ့​အ​နေနဲ့​ ဆန္ဒ ရှိမယ်ဆိုရင် အ​မေရိကန် စစ်​ရေး​အရ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ လုပ်လာနိုင်တယ်။ အဲဒီလို လုပ်တာဟာ တနည်း​အား​ဖြင့်​လည်း​ မြန်မာ့​တပ်မ​တော် အ​နေနဲ့​ စစ်​ရေး​စွမ်း​ရည်ပိုင်း​မှာ​ရော၊​ လက်နက်​ခေတ်မီတဲ့​ အပိုင်း​မှာပါ အများ​ကြီး​ ​ပြောင်း​လဲနိုင်တယ်လို့​ ကျ​နော်က ယူဆပါတယ်။”

တကယ်လို့​ သူရည်မှန်း​သလိုမျိုး​ မြန်မာ့​တပ်မ​တော်ကို professional army လမ်း​ကြောင်း​ပေါ် ​ရောက်သွား​တဲ့​အခါကျရင် မြန်မာ့​တပ်မ​တော်က​ရော ​ရေရှည် အနာဂတ် မြန်မာ့​နိုင်ငံ​ရေး​မှာ ဝင်​ရောက်စွက်ဖက်တာ၊​ ​နှောင့်​ယှက်တာမျိုး​တွေ အဲလို ဖြစ်လာနိုင်ဖို့​ ရှိလား​။

“တခု​တော့​ ရှိပါတယ်။ အဲဒါက​တော့​ သူတို့​အ​နေနဲ့​ စိုး​ရိမ်စိတ်​တွေ ​ပျောက်ကွယ်သွား​မယ် ဆိုရင်​တော့​ ဗမာ့​တပ်မ​တော်အ​နေနဲ့​ ဒီမိုက​ရေစီနိုင်ငံ​တွေရဲ့​ တပ်မ​တော်နည်း​တူ၊​ professional တပ်မ​တော်အ​နေနဲ့​ ပြန်ပြီး​တော့​ အသွင်​ပြောင်း​လာနိုင်ပါတယ်။ ဒါ​ပေမယ့်​ လတ်တ​လော အ​နေအထား​မှာ​တော့​ ကျ​နော့်​ရဲ့​ အမြင်အရက​တော့​ သူတို့​မှာ စိုး​ရိမ်စိတ်​တွေက နက်နက်ရှိုင်း​ရှိုင်း​ ရှိ​နေ​သေး​တယ်။ စိုး​ရိမ်စိတ် ဆိုတဲ့​နေရာမှာ သူတို့​ရဲ့​ အကျိုး​စီး​ပွား​တွေအတွက် ပါသလို ပြည်​ထောင်စု တကယ်ပြိုကွဲသွား​မှာကိုလည်း​ တကယ်စိုး​ရိမ်တဲ့​ အချက်​တွေ တပ်မ​တော်ရဲ့​ အစိတ်အပိုင်း​တချို့​မှာ ရှိ​နေနိုင်ပါတယ်။ အဲ့​တော့​ ဒီစိုး​ရိမ်ချက်​တွေကို ​ပျောက်သွား​အောင် မြန်မာပြည်မှာ ပါဝင်ပတ်သက်​နေတဲ့​ မြန်မာနိုင်ငံသား​တိုင်း​က ကြိုး​စား​ လုပ်​ဆောင်ကြမယ်ဆိုရင်​တော့​ သူတို့​အ​နေနဲ့​ တဖြည်း​ဖြည်း​ ယုံကြည်မှု​တွေ ရလာတာနဲ့​အမျှ တပ်မ​တော်ဟာ နိုင်ငံ​ရေး​နဲ့​ တိုက်ရိုက်​ပေါ့​ ဆက်စပ်မှု မရှိဘဲနဲ့​ အခုလို နိုင်ငံ​ရေး​ဦး​ဆောင်မှု အခန်း​ကဏ္ဍမှာ မပါဝင်ဘဲ တပ်မ​တော်ဟာ ကာကွယ်​ရေး​ တာဝန်​တွေကိုသာ ထမ်း​ဆောင်တဲ့​ professional army ဖြစ်လာနိုင်တဲ့​ အလား​အလာ​တွေ အများ​ကြီး​ရှိတယ်လို့​ ကျ​နော်က ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013