Homeမြန်မာသတင်း
တရားသူကြီးများနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်ရန် သမ္မတက လွှတ်တော်သို့ တင်သွင်း
တရားသူကြီးများနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်ရန် သမ္မတက လွှတ်တော်သို့ တင်သွင်း
နေဖြိုးဝင်း
·
June 9, 2017
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေနဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ ခန့်ဖို့ နိုင်ငံတော်သမ္မတက လွှတ်တော်ကို အမည်စာရင်းပေးပို့လိုက်ပါတယ်။
ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ၄ ဦးနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂ ဦးရဲ့ အမည်စာရင်းကို တင်ပြခဲ့တာပါ။
သမ္မတက အဆိုပြုတင်ပြတဲ့ တရားသူကြီး ၄ ဦးမှာ ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂ ဦးရဲ့ အမည်စာရင်းမှာ ဦးမြင့်နိုင်၊ ဦးသန်းဌေးတို့ ဖြစ်ပါတယ်။
သမ္မတက အဆိုပြုတင်ပြထားတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ၄ ဦးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂ ဦးကို ကန့်ကွက်လိုတဲ့ ကိုယ်စားလှယ်ရှိရင် အမည်စာရင်းပေးသွင်းဖို့နဲ့ ဆွေးနွေးအတည်ပြုတာကို ဇွန်လ ၁၄ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။