A d v e r t i s e m e n t With Us

စာချုပ်သက်တမ်းတိုးမည့်ကိစ္စ အေးဂျင့်က ဆုံးဖြတ်ပေးလိမ့်မည်ဟု ဆန်းချက်ဇ် ပြော

ဓာတ်ပုံ - Getty Images
စာချုပ်သက်တမ်းတိုးဖို့နဲ့ ပတ်သက်ပြီး အေးဂျင့်ဖြစ်သူက ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်လို့ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်က ပြောကြားလိုက်ပါတယ်။ အသက် ၂၈ နှစ်ရှိ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ၂၀၁၈ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်အသင်းက တပတ်ပေါင် ၂ သိန်း ၇ သောင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမယ့် အဆင်ပြေခြင်း မရှိသေးပါဘူး။ "စာချုပ်သက်တမ်းတိုးဖို့ကိစ္စတွေကို ကျေနာ့်အေးဂျင့်က ဆက်လုပ်နေပါတယ်။ သူက ကျနော့်အတွက် အကောင်းဆုံးရွေးချယ်မှုတခု လုပ်ဆောင်ပေးပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ ကလပ်အသင်းတွေအကြောင်းထက် လက်ရွေးစင်အသင်းအပေါ်မှာပဲ အာရုံစိုက်ထားတယ်" လို့ ချီလီအသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ဆန်းချက်ဇ်က ပြောပါတယ်။ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၃၀ သွင်းယူပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ကာ အသင်းရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဆန်းချက်ဇ်အနေနဲ့ တပတ်လုပ်ခ ပေါင် ၃ သိန်းလောက် အလိုရှိနေတဲ့အတွက် အာဆင်နယ်အသင်းဘက်က လုပ်ခလစတိုးမြှင့်ပေးမှ စာချုပ်သစ်ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up