DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ ဆန္ဒပြပွဲကို အလုပ်သမား​ညွှန်ချုပ် သွား​ကြည့်
DVB
·
February 13, 2012
လှိုင်သာယာ ဆန္ဒပြပွဲကို အလုပ်သမား​ညွှန်ချုပ် သွား​ကြည့်
Donate to DVB

ရန်ကုန်တိုင်း​၊​ လှိုင်သာယာစက်မှုဇုန်၊​ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား​တွေရဲ့​ လုပ်အား​ခ တိုး​ပေး​ရေး​ ဆန္ဒပြမှုကို အစိုး​ရရဲ့​ အလုပ်သမား​ရေး​ရာ ဝန်ကြီး​ဌာနက ညွန်ကြား​ရေး​မှူး​ကိုယ်တိုင် ဝင်​ရောက်​ဖြေရှင်း​ဖို့​ ကြိုး​စား​ပေမယ့်​ ​ပြေလည်မှု မရခဲ့​ဘူး​လို့​ သိရပါတယ်။

တပတ်ကြာ ဆန္ဒပြ​နေတာ ​ပြေလည်မှုရဖို့​ ဒီ​နေ့​ ​နေ့​လယ်ပိုင်း​က တိုင်ရီဖိနပ်စက်ရုံဝင်း​ထဲမှာ အလုပ်ရှင်ဘက်က ကိုယ်စား​လှယ်၊​ အလုပ်သမား​တွေရဲ့​ ကိုယ်စား​လှယ်နဲ့​ ​နေပြည်​တော်က အလုပ်သမား​ရေး​ရာ ညွှန်ကြား​ရေး​မှူး​ချုပ် ဦး​ချစ်ရှိန်တို့​ ​ဆွေး​နွေး​ပေမယ့်​ ​ပြေလည်မှု မရခဲ့​ပါဘူး။

အလုပ်သမား​တွေဘက်က မူလ​တောင်း​ဆိုချက်ထက် ​လျှော့​ပြီး​ ​တောင်း​ဆိုမှု​တွေ လုပ်ခဲ့​ပေမယ့်​ အလုပ်ရှင်ဘက်က နဂိုအတိုင်း​ပဲ တင်း​ခံ​နေလို့​ ​ပြေလည်မှု မရခဲ့​တဲ့​အ​ကြောင်း​ အလုပ်သမား​တွေဘက်က ကူညီ​ဆောင်ရွက် ​ပေး​နေတဲ့​ လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူ မစုစု​နွေး​က ​ပြောပါတယ်။

“အလုပ်သမား​တွေက​တော့​ အများ​ကြီး​ ​လျှော့​ပါတယ်။ ပထမဆုံး​ သူတို့​ အလုပ်ရုံမှာ ဆန္ဒစပြတဲ့​နေ့​က ​တောင်း​ဆိုတာက ​နေ့​စား​ခ ၇၅ ကျပ်ကို ၂၅၀ ကျပ် ထိ ​ပေး​ဖို့​ရယ်၊​ ​နောက် သုံး​ရက်​လောက် ဆန္ဒပြပြီး​တော့​ အလုပ်သမား​တွေက အလုပ်ရှင်ကို ငဲ့​ညာတဲ့​အ​နေနဲ့​ ၇၅ ကျပ်ကို ၁၅၀ ထိ ​လျှော့​ချလိုက်ပါတယ်။ ဒီ​နေ့​ကျ​တော့​လည်း​ အလုပ်သမား​တွေက နှစ်ဦး​နှစ်ဖက် ​ပြေလည်​စေချင်တဲ့​ သ​ဘောနဲ့​ သူတို့​ဘက်က အများ​ကြီး​လျှော့​ပေး​ခဲ့​တာ ​တွေ့​ရတယ်။ ဒီ​နေ့​ ကျမ သိရတာက​တော့​ အလုပ်သမား​တွေက ​တော်​တော်​လေး​ ဒုက္ခ​ရောက်​နေပြီ။ မဆင်း​ရတဲ့​ ရက်​တွေက များ​တဲ့​အတွက် အိမ်ကို ပိုက်ဆံပြန်ယူရတာ​တွေ ရှိပါတယ်။ ဒီ​နေ့​ဆိုလည်း​ ဖယ်ရီခကို အလုပ်ရှင်က မ​ပေး​တော့​ဘူး​။ သူတို့​ဘာသာ လိုင်း​ကား​နဲ့​ လာရတယ်၊​ ပိုက်ဆံမရှိတဲ့​သူက လမ်း​လျှောက်လာခဲ့​ရတယ်၊​ အလုပ်သမား​တွေက အရမ်း​ကို နစ်နာ​နေတာ ကျမတို့​ ​တွေ့​ရတယ်၊​ စိတ်လည်း​ မ​ကောင်း​ဘူး​။”

ဆွေး​နွေး​ပွဲမှာ အလုပ်သမား​တွေက လုပ်အား​ခကို နဂိုက တနာရီ ၇၅ ကျပ် ​ပေး​နေတာကို ၁၀၀ ထိတိုး​ပေး​ဖို့​၊​ ရက်မှန်​ကြေး​ နဂိုက ၆၀၀၀ ​ပေး​နေတာကို ၈၀၀၀ ​ပေး​ဖို့​ ​တောင်း​ဆိုခဲ့​ပါတယ်။

ဒါ​ပေမယ့်​ အလုပ်ရှင်ဘက်က တနာရီ​ကြေး​ကို ၈၅ နဲ့​၊​ ရက်မှန်​ကြေး​ကို ၇၀၀၀ အထိပဲ တိုး​ပေး​မယ်လို့​ ​ပြောတာ​ကြောင့်​ ​ပြေလည်မှုမရခဲ့​ပါဘူး​။

အခုလို ​ပြေလည်မှု မရတဲ့​အတွက် အလုပ်သမား​တွေက​တော့​ သူတို့​ ​တောင်း​ဆိုချက်​တွေ ရ​အောင် အလုပ်မဆင်း​ဘဲ ဆန္ဒပြမှာဖြစ်သလို၊​ ဥပ​ဒေ​ကြောင်း​အရလည်း​ ​တောင်း​ဆိုသွား​ဖို့​ စီစဉ်​နေကြပါတယ်။

လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူ မစုစု​နွေး​က​တော့​ အခုကိစ္စမှာ အလုပ်ရှင်နဲ့​ အလုပ်သမား​တွေ နှစ်ဘက်စလုံး​က နစ်နာတာ​တွေ မဖြစ်​အောင် အစိုး​ရက ကြား​ဝင် ​ဆောင်ရွက်​ပေး​သင့်​တယ်လို့​ ​ပြောပါတယ်။

“အလုပ်သမား​တွေက ၁,၈၀၀ ​ကျော်၊​ ​ယောကျာ်း​လေး​အလုပ်သမား​တွေက ၁၀၀ ​တောင် မပြည့်​ပါဘူး​။ မိန်း​က​လေး​က ၁,၇၀၀ ​ကျော် ​လောက်ရှိတယ်။ အဲဒီ့​ အမျိုး​သမီး​တွေက အပျို​လေး​တွေပါသလို၊​ အိမ်​ထောင်ရှင်​တွေလည်း​ပါတယ်။ ကား​လမ်း​မ​ပေါ်မှာလည်း​ အိပ်လို့​မရပါဘူး​။ ဘူတာရုံမှာလည်း​ အိပ်မရပါဘူး​။ အပြင်မှာထွက်ပြီး​ ညလုံး​ပေါက် လမ်း​လျှောက်​နေလို့​လည်း​ မရဘူး​။ အဲ​တော့​ အမျိုး​သမီး​တွေရဲ့​ ဘဝလုံခြုံ​ရေး​ကို နိုင်ငံ​တော်သမ္မတကြီး​ကော၊​ အလုပ်သမား​ ဝန်ကြီး​ ဦး​အောင်ကြည်​ကော အာဏာပိုင် အဖွဲ့​အစည်း​တွေက​ကော ဘာမှ မလုပ်​ပေး​နိုင်ဘူး​ဆိုရင် အလုပ်သမား​ အမျိုး​သမီး​တွေရဲ့​ ဘဝလုံခြုံ​ရေး​ကို ကျမတို့​ စိုး​ရိမ်ရပါတယ်။ အာဏာပိုင်အဖွဲ့​အစည်း​တွေ နိုင်ငံ​တော်သမ္မတ​တွေက​နေ ဒီ အလုပ်ရှင်နဲ့​ အလုပ်သမား​ နှစ်ဦး​နှစ်ဖက်ကို တဦး​နဲ့​တဦး​ မနစ်နာ​အောင် ​ပြေ​ပြေလည်လည် ​ဖြေရှင်း​ပေး​စေချင်ပါတယ်။”

မနှစ်တုန်း​လည်း​ တိုင်ရီ ဖိနပ်စက်ရုံမှာ အလုပ်သမား​တွေ ဆန္ဒပြမှုကို အလုပ်သမား​ညွန်ချုပ် ဦး​ချစ်ရှိန်ကပဲ ကြား​ဝင် ​ဆောင်ရွက်​ပေး​ခဲ့​လို့​ ​ပြေလည်မှု ရခဲ့​ဖူး​တယ်လို့​ အလုပ်သမား​တွေက ​ပြောပါတယ်။

မြန်မာပြည်မှာ အခုအချိန်အထိ ရှိ​နေတဲ့​ အလုပ်သမား​ဥပ​ဒေဟာ အလုပ်သမား​ အခွင့်​အ​ရေး​တွေကို အကာအကွယ်​ပေး​နိုင်မှု အား​နည်း​ပြီး​၊​ အစိုး​ရ အလုပ်သမား​ဌာန​တွေကလည်း​ အကာအကွယ်​ပေး​တာမျိုး​ မရှိသ​လောက်ပဲလို့​ အလုပ်သမား​အ​ရေး​ လှုပ်ရှား​သူ​တွေက ဆိုကြပါတယ်။

မကြာခင်က ဒီဗွီဘီနှင့်​ ​မေး​မြန်း​ခန်း​မှာ အလုပ်သမား​ ဒုဝန်ကြီး​ ဦး​မြင့်​သိန်း​က လွတ်လပ်တဲ့​ အလုပ်သမား​အဖွဲ့​အစည်း​တွေ ဖွဲ့​စည်း​ခွင့်​နဲ့​ အကန့်​အသတ်နဲ့​ ဆန္ဒပြခွင့်​တွေ ပါဝင်တဲ့​ အလုပ်သမား​ ဥပ​ဒေသစ် တရပ် ဒီနှစ်ဆန်း​ပိုင်း​မှာ အသက်ဝင်လာဖို့​ ရှိတယ်လို့​ ​ပြောခဲ့​ဖူး​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013