A d v e r t i s e m e n t With Us

သခင်ဖြစ်သူကို အင်တာဗျူးခွင့်မပေးဘဲ ပြန်ခေါ်ခဲ့သည့် ချစ်စဖွယ်ဆင်မလေး (ရုပ်သံ)

ဆင်တွေဟာ အသိဉာဏ်မြင့်မားတဲ့ သတ္တဝါတွေထဲမှာ ပါဝင်ပြီး ပါးနပ်ကြပါတယ်။ ယဉ်ပါးအောင် လေ့ကျင့်သင်ကြားပေးထားတဲ့ ဆင်တွေနဲ့ သူတို့ရဲ့ သခင်တွေကြားက ချစ်ခြင်းမေတ္တာတရားဟာ တကယ့်ကို အံ့သြကြည်နူးစရာပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သခင်ဖြစ်သူကို အင်တာဗျူးအဖွဲ့တဖွဲ့က ရိုက်ကူးရေး လုပ်ဆောင်နေချိန်မှာ ဆင်မကလေးက နွဲ့ဆိုးဆိုးပြီး ပြန်ခေါ်ခဲ့တာကို တွေ့ရမှာပါ။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ ဆင်ထိန်းသိမ်းရေးစခန်းတခုမှာ ဖြစ်ခဲ့ပြီး လဲခ်အမည်ရတဲ့ သခင်ဖြစ်သူ အမျိုးသမီးဟာ အင်တာဗျူးအဖွဲ့သားတွေနဲ့ အတူ ရှိနေခဲ့တာပါ။ သူအင်တာဗျုးဖြေဆိုနေချိန်မှာ ခပ်လှမ်းလှမ်းမှာတော့ ဆင်တွေဟာ အုပ်စုနဲ့ ရှိနေခဲ့ကြတာကို တွေ့ရပါတယ်။ သူဖြေဆိုနေပြီး သိပ်မကြာခင်မှာတော့ ဆင်အုပ်စုထဲမှ ဆင်မလေး ဖာမိုင်ဟာ အနားကို တဖြည်းဖြည်း ချဉ်းကပ်လာခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်တော့ ကင်မရာသမားတွေရဲ့ ရှေ့ကို ရောက်ရှိလာခဲ့ပြီး နှောင့်ယှက်ခဲ့တာပါ။ သခင်ဖြစ်သူ လဲခ်က အင်တာဗျူးသူတွေကို နောက်တနေရာပြောင်းရိုက်ရင် ကောင်းမလားလို့ ပြောနေချိန်မှာပဲ ဆင်မလေး ဖာမိုင်က ပြောခွင့်မပေးဘဲ နှာမောင်းနဲ့ရစ်ပြီး သူတို့ ဆင်အုပ်စုရှိရာဘက်ဆီ ပြန်ခေါ်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ လဲခ်ဟာ ဘယ်လိုမှ အင်တာဗျူးဖြေလို့ မရတော့ဘဲ ဆင်မလေး ခေါ်ဆောင်ရာဆီကို ချော့မော့ပြီး ပြန်ပို့ဖို့ ကြိုးစားခဲ့ရတာပါ။ အင်တာဗျူးသူတွေက “ငါတို့ ဆင်မလေးကိုပါ အင်တာဗျူးလိုက်ရ ကောင်းမလား” ဆိုပြီး ရယ်ပွဲဖွဲ့ ပြောဆိုပြီး ကျန်နေခဲ့ကြတာကို တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up