A d v e r t i s e m e n t With Us

အံ့ဖွယ် ဘောလုံးတော့ စွမ်းရည်ပြပြီး ဂင်းနက်စ်စံချိန်တင်သည့် ကျောင်းသားလေး (ရုပ်သံ)

အထက်တန်းကျောင်းသားတဦးဖြစ်တဲ့ ရိုင်ယို ဆာတိုဟာ ဂျပန်နိုင်ငံမှ အံ့ဖွယ် ဘောလုံးစွမ်းရည်ပြသနိုင်သူတဦး ဖြစ်ပါတယ်။ သူ့ရဲ့ အံ့မခန်း မှော်ဆန်ဆန် ဘောလုံးတော့စွမ်းရည်တွေကြောင့် ဇွန်လ ၈ ရက်နေ့မှာတော့ ဂင်းနက်စ် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ဘောလုံးကို ခြေထောက်နဲ့ရိုးရိုးတော့လိုက်၊ ဝိုက်ပြီးတော့လိုက်နဲ့ အချိန်တမိနစ်အတွင်းမှာ ၉၃ ကြိမ်ထိရအောင် ထိန်းထားနိုင်ခဲ့တာပါ။ ရိုင်ယိုဟာ ခုလိုစံချိန်ချိုးနိုင်ဖို့ တနေ့ကို အချိန် ၃ နာရီလောက်ပေးပြီး တလကြာ လေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ထက်အရင် စံချိန်တင်ထားခဲ့သူကတော့ ဂျွန်ဖရန်း ဝါ့သ်ဖြစ်ပြီး သူကတော့ အချိန် တမိနစ်အတွင်းမှာ ၈၅ ကြိမ်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up