Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်ရုံးများ လွှတ်တော်ကတာဝန်ယူပြီး သီးသန့်ဖွင့်လှစ်ပေးရန် ဆွေးနွေး
အောင်ဆန်းဦး
·
June 8, 2017
  လွှတ်တော်ကိုယ်စားလှယ်ရုံးတွေကို ပါတီရုံးတွေနဲ့တွဲဖွင့်ထားတာဟာ အများပြည်သူအတွက် အဟန့်အတား ဖြစ်စေတဲ့အတွက် လွှတ်တော်ကတာဝန်ယူပြီး သီးသန့်ဖွင့်လှစ်ပေးဖို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးက တင်ပြဆွေးနွေးခဲ့ပါတယ်။ ဇွန်လ ၈ ရက်နေ့  ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီရဲ့ အစီရင်ခံစာအပေါ် ထောက်ပြဆွေးနွေးရင်း ပြောဆိုခဲ့တာပါ။ “ပုဒ်မ ၆၄ မှာ လွှတ်တော်သည် လိုအပ်သည့် မြို့နယ်များရဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးများကို ဖွင့်လှစ်တည်ထောင်ခွင့် ပေးနိုင်သည်လို့ ပြဌာန်းထားပါတယ်။ ဆိုလိုတာက လွှတ်တော်က ခွင့်ပြုတဲ့ မျိုးနယ်များမှာသာ လွှတ်တော်ကိုယ်စားလှယ်ရုံးတွေကို ဖွင့်ရမှာဖြစ်ပါတယ်။ ပုဒ်မ ၆၅ မှာတော့ လွှတ်တော်ကိုယ်စားလှယ်ရုံးများကို လွှတ်တော်ကတာဝန်ယူဖွင့်လှစ်နိုင်ခြင်း မရှိသေး သည့် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့အစီအစဉ်ဖြင့် ဖွင့်လှစ်လိုပါက နေရာထိုင်ခင်း ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကို ကျခံပြီး လွှတ်တော်ကိုယ်စားလှယ်ရုံးများကို ဖွင့်လှစ်နိုင်သည်ဟု ပြဌာန်းထားပါတယ်။ လက်ရှိအချိန်မှာတော့ အများအားဖြင့် လွှတ်တော်ကိုယ်စားလှယ်ရုံးများကို ပါတီရုံးများနဲ့ တွဲဖက်ဖွင့်ထားသည့်အတွက် လွှတ်တော်ရုံးဟာ အများပြည်သူကို ကိုယ်စားပြုမှု အခက်အခဲ အဟန့်အတား တစ်ခုဖြစ်နေပါသည်။ ဒါ့ကြောင့် မြို့နယ်တိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်ရုံးများ ကို လွှတ်တော်က တာဝန်ယူ ဖွင့်လှစ်သင့်ပြီဖြစ်ကြောင်းနဲ့ ပုဒ်မ ၆၄၊ ၆၅ များကို ပြန်လည်ပြင်ဆင်ဖို့ ကော်မတီအနေနဲ့ ကျိုးစားပေးပါလို့ အကြံပြုဆွေးနွေးရပါတယ်။” ဒါ့အပြင် ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တို့ရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိဖို့၊ ဝန်ကြီးဌာနတွေအနေနဲ့ လွှတ်တော်ဥပဒေအေ ပါ် အလေးမထားဘဲ ကြယ်ပွင့်ပြမေးခွန်းတွေကို သက်မှတ်ချိန်ကျော်လွန်မှ ဖြေဆိုတာတွေမလုပ်ဆောင်နိုင်အောင် ထိန်းသိမ်းပေးဖို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024